အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးရန် စီစဉ်

0
438

နှစ်ပေါင်း နှစ်ဆယ်နီးပါးရပ်နား ထားသော အခြေခံပညာ အထက်တန်း ပြီးမြောက်ခြင်း လက်မှတ်ကို ယခု ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ပြန်ထုတ် ပေးနိုင်ရန် စီစဉ်နေကြောင်း တနင်္သာရီ တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။
ယခင် ၁၉၉၈ ခုနှစ်ဝန်းကျင်က အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ကြောင်း လက်မှတ်များ ထုတ်ပေးခဲ့ဖူးပြီး နောက် ပိုင်းတွင် ယင်းလက်မှတ်များမှာ လက် တွေ့အသုံးကျမှုနည်းပါးခြင်း၊ ကုန်ကျစ ရိတ်များခြင်းကြောင့် ရပ်နားထားခဲ့ ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန် က ပြောသည်။

ယင်းတို့အနက် အထက်တန်းပညာ သင်ယူပြီးမြောက်ခြင်း လက်မှတ်ကို ကျောင်းသူ၊ ကျောင်းသားများအား ပြန် ထုတ်ပေးနိုင်ရန်အတွက် ပညာရေးဝန်ကြီး ဌာနက ပြည်နယ်နှင့်တိုင်း အသီသီးကို ထုတ်ပေးမည့် စံနှုန်းသတ်မှတ်ချက် များအတွက် အကြံပြုချက် တောင်းခံ ထားကြောင်း ၎င်းက ပြောသည်။
ယင်းကဲ့သို့ အထက်တန်းသင်ယူ ပြီးမြောက်ကြောင်းလက်မှတ် ပြန်ထုတ် ပေးခြင်းကို ကြိုဆိုကြောင်း ကျောင်းသား မိဘအချို့က ပြောသည်။

“အဲလို လက်မှတ်မျိုး ပေးလိုက် ခြင်းအားဖြင့် အလုပ်လျှောက်တဲ့အချိန်ဆို ဆယ်တန်းအဆင့်ဆိုတာ လက်မှတ် ကြည့်တာနဲ့ သိပြီးသားဖြစ်သွားတာ ပေါ့”ဟု လောင်းလုံးမြို့နယ် အင်းဝန်ရွာ မှ ဆယ်တန်းကျောင်းသူတစ်ဦး၏ မိခင် ဒေါ်သန်းသန်းဆင့်က ဆိုသည်။
ပညာရေးဝန်ကြီးဌာနကို အကြံ ပြုနိုင်ရန် တိုင်းအဆင့်ဆွေးနွေးပွဲကို ဩ ဂုတ်လ ၁၂ ရက်က ထားဝယ်မြို့တွင် ကျင်းပခဲ့ပြီး တိုင်းအတွင်းရှိ မြို့နယ် ပညာရေးမှူးအားလုံး၊ အထက်ကျောင်း အုပ် ကိုယ်စားလှယ်၊ အထက်တန်းပြ ကိုယ်စားလှယ် စသဖြင့် စုစုပေါင်း ၆၀ ဦး တက်ရောက်ခဲ့သည်။