အစိုးရ၏ သဘောတူစာချုပ်များစိစစ်ရေးကော်မတီ လုပ်ငန်းစ

0
383

အစိုးရနှင့် ချုပ်ဆိုမည့် သဘောတူ စာချုပ်များ စိစစ်ရေးကော်မတီကို ဇူလိုင် လ ၂၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် စိစစ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တနင်္သာရီတိုင်း ဒေသကြီး ဦးစီး မှူးက ပြောသည်။
MoU (နားလည်မှုစာချွန်လွှာ)MoA   (သဘောတူစာချုပ်)၊BOT စနစ် အစရှိသည့် တိုင်းအစိုးရနှင့်ချုပ်ဆိုမည့် စာချုပ်များကို စိစစ်မည်ဖြစ်ကြောင်း အစိုးရနှင့် ချုပ်ဆိုမည့် သဘောတူစာချုပ် များ စိစစ်ရေးကော်မတီတွင် အဖွဲ့ဝင် အဖြစ် ပါဝင်သည့် DICA   တိုင်းဒေသ ကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။

လက်ရှိအချိန်တွင် လျှပ်စစ်လုပ်ငန်း လုပ်ကိုင်မည့် ကုမ္ပဏီ ၅ ခုကို စိစစ်မည် ဖြစ်ပြီး ဩဂုတ်လ ၃၁ ရက်အထိ ကုမ္ပဏီ ၂ ခု၏ ဩ့ တို့ကို စစ်ဆေးပြီးဖြစ် ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ကော်မတီအနေဖြင့် အစိုးရ နှင့် အသစ်ချုပ်ဆိုမည့် စာချုပ် များကို သာ စိစစ်ခြင်းဖြစ်ပြီး ချုပ်ဆိုပြီး စာချုပ် များကိုမူ စိစစ်မည်မဟုတ်ကြောင်း ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

“အရင်ပြီးပြီးသား စာချုပ်တွေကို တော့ ပြန်လုပ်လို့ မရတော့ဘူးပေါ့၊ နောင်လာမယ့်ဟာတွေကိုပဲ ပြန်လုပ် ရမယ်။ အခုက အသစ်တွေကိုပဲ စစ်နေ တာ”ဟု ၎င်းက ပြောသည်။
ယင်းကော်မတီတွင် ကဏ္ဍအလိုက် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး တိုင်းဥပဒေ ချုပ်၊ တိုင်းအတွင်းရေးမှူး၊ DICA တိုင်း ဦးစီးမှူးတို့က အမြဲတမ်းကော်မတီ ဝင်များ ဖြစ်ကြသည်။
ယခင်က အစိုးရနှင့်ချုပ်ဆိုမည့် သဘောတူစာချုပ်များကို တိုင်းဥပေဒေ ချုပ်က စိစစ်ရပြီးနောက် တိုင်းအစိုးရ အဖွဲ့ရုံးထံ တင်ပြရပြီး ယခုကော်မတီ ဖွဲ့စည်းပြီးချိန်တွင်မူ ကော်မတီဖြင့် စိစစ်ရကြောင်း ဒေါက်တာထွန်းထွန်းက ရှင်းပြသည်။
ကော်မတီက သဘောတူစာချုပ်ရှိ စိစစ်တွေ့ရှိချက်များကို တိုင်းအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ပြည်ထောင်စု အစိုးရထံ ဆက်လက်တင်ပြရမည်ဖြစ်ကြောင်း DICA  တိုင်းဒေသကြီးရုံးထံမှ သိရ သည်။