မြိတ်ပြည်သူ့ဆေးရုံကြီးတွင် အဆောက်အအုံများတိုးချဲ့မည်

0
501

မြေဧရိယာအကျယ် ၂၈ ဧကကျယ် ဝန်းသည့် မြိတ်မြို့ ရေပုန်းရပ်ကွက်ရှိ မြိတ်ပြည်သူ့ဆေးရုံကြီးတွင် အဆောက် အအုံများတိုးချဲ့ဆောက်လုပ်မည်ဖြစ် ကြောင်း ကျန်မာရေးနှင့် အားကစားဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက် တာမြင့်ထွေးက ပြောကြားခဲ့သည်။
ဩဂုတ်လ ၁၇ ရက်တွင် ပြုလုပ် သည့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် န၀မပုံမှန်အစည်းအဝေး တွင် မြိတ်မြို့ ကန်ခေါင်းရပ်ကွက်ရှိ မိခင်နှင့်ကလေး ဆေးကုသဆောင်တွင် အမှန်တကယ်လိုအပ်နေသည့် တိုးချဲ့ လူနာ ၂ ထပ်ဆောင်တစ်ဆောင်အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ ကို မေးမြန်းခဲ့ရာ ကျန်မာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အဟောင်းမှာဆက်ဆောက်ဖို့ မသင့်လျော်ပါဘူး အသစ်မှာပဲ ဆက် ဆောက်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ဖြေဆိုခဲ့သည်။
ကန်ခေါင်းရပ်ကွက်ရှိ မိခင်နှင့် ခလေးဆေးကုသဆောင်ကို ဆေးရုံ အဟောင်းဟုခေါ်ဆိုပြီး ရေပုန်းရပ်ကွက် ရှိ ပြည်သူ့ဆေးရုံကြီးကို ဆေးရုံအသစ် ဟု ခေါ်ဆိုခြင်းဖြစ်သည်။
၂၀၁၇-၂၀၁၈ တိုးချဲ့ဘဏ္ဍာ ငွေဖြင့် လက်ရှိ ပြည်သူ့ဆေးရုံကြီးတွင် ၂ ထပ်လူနာဆောင်တစ်ဆောင်နှင့် ၈ ခန်းတွဲလေးထပ်ဆောင်ဝန်ထမ်း အဆောင်ကို ဆောက်လုပ်လျက်ရှိကြောင်း ဒေါက်တာမြင့်ထွေးက ပြောသည်။
၎င်းအပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် ၄ ခန်းတွဲ ၄ ထပ် ဝန် ထမ်းအိမ်ရာ နှင့် ၃ ထပ်ဆောင်တစ် ဆောင်တို့အား ဆက်လက်ဆောက်လုပ် ပေးသွားရန် စီစဉ်နေကြောင်း ဝန်ကြီးက ဖြေဆိုထားသည်။

“ဆေးရုံသစ်မှာပဲဆောက်ပြီး နေ ရာပြန်ရွှေ့မယ်ထင်တယ် အဟောင်းက ကုသရေးမဟုတ်ဘဲ ပြည်သူ့ကျန်းမာရေး အဖြစ် နေရာချထားပေးမယ်ပေါ့ ဒီလို မျိုးစီစဉ်တယ်” ဟု ဒေါက်တာလင်းဝေဖြိုး လတ်က ပြောသည်။
ပြည်သူ့ဆေးရုံကြီးတွင် အဆောက်အအုံများ ဆောက်လုပ်ပြီးစီး ပါက ကန်ခေါင်းရပ်ကွက်ရှိ မိခင်နှင့် ကလေးဆေးကုသဆောင်ကို ပြည်သူ့ ဆေးရုံကြီးတွင် ပြောင်းလဲထားရှိမည်ဖြစ် အနေထားရှိနေကြောင်း ဒေါက်တာ လင်းဝေဖြိုးလတ်က ပြောပြသည်။