မူးယစ်ဆေးဝါးအမှုအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် နေရပ်သို့ မပြန်ရဲဟုဆို

0
372

ကျွန်းစုမြို့နယ် ရေကန်တောင် ကျေးရွာအုပ်စု၊ ရေကန်တောင် ကျေးရွာမှ မူးယစ်ဆေးဝါးအမှု နှင့်ပတ် သက်၍ မြိတ်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြု လုပ်ပြီးနောက် နေအိမ်သို့ မပြန်ရဲဘဲ ဖြစ်နေရကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သူတစ်ဦးဖြစ်သည့် ဦးစိန်မောင် က ပြောသည်။

ရေကန်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မူးယစ်ဆေးဝါးဆန့် ကျင်ရေးအသင်းဝင်တစ်ဦးတို့သည် မူး ယစ်ဆေးဝါးဖမ်းဆီးရာတွင် သက်သေ များ ထိမ်ချန်ခြင်း၊ ဖမ်းမိသူအား လွှတ် ပေးခြင်းစသည်တို့ကို လုပ်ဆောင်သည် ဟုဆိုကာ ဇွန်လ ၂၇ရက်က ဦးစိန်မောင် နှင့် ရွာသားအချို့က သတင်းစာ ရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။

ယင်းသို့ သတင်းစာရှင်းလင်းပွဲပြု လုပ်ပြီးနောက် အုပ်ချုပ်ရေးမှူးနှင့်ဆက် စပ်နေသည့် လူပုဂ္ဂိုလ်တချို့က ရွာပြန် လာပါက အလောင်းမြု§ပ်ရန် မြေရှာထား ဟု ဆိုကာ ပြောဆိုကြိမ်းဝါးမှုများကြား သိနေရကြောင်း ဦးစိန်မောင်က ပြောပြ သည်။
“မိသားစုတွေလည်း ရွာမှာမနေရဲ တော့ ရန်ကုန်ကို ပြောင်းသွားကုန်ပြီ” ဟု ကာယကံရှင် ဦးစိန်မောင်က ပြော သည်။
ကာယကံရှင်မှာ မြိတ်တွင် နေထိုင် နေပြီး ကျွန်းစုမြို့နယ်တရားရုံး ရုံးချိန်း သို့ သွားလာနေရကြောင်း ပြောသည်။
ထို့အပြင် ကျေးရွာရှိ မီးလင်းရေး လုပ်ငန်းကိုလည်း ပစ်ထားခဲ့ရကြောင်း ကာယကံရှင်က ဆိုသည်။
“နိုင်ငံတော်သမ္မတကြီးကို သိစေ ချင်တယ်။ ကျွန်တော်ခံစားနေရတာကို ကြည့်ပြီး နောက်ထပ်သတင်းပေး အမှန် ဖော်ထုတ်ပေးမယ့် ပြည်သူတွေလက် တွန့်နေကြပြီ”ဟု ဦးစိန်မောင်က ပြောပြ သည်။

သတင်းစာရှင်းလင်းပွဲ မပြုလုပ်မီ က မူးယစ်ဆေးဝါးဖမ်းဆီးခြင်းနှင့် ပတ် သက်၍ တိုင်းအစိုးရအဖွဲ့နှင့် ဌာနများ သို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် တိုင်ကြား စာပေးပို့ခဲ့ရာ တိုင်ကြားစာနှင့် ပတ်သက်၍ တရားစွဲလိုပါက မြို့နယ် တရားရုံးနှင့် ရဲစခန်းထံ တိုင်ကြား နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်မှ အကြောင်း ပြန်ကြားခဲ့သည်။
ယင်းကြောင့် ရေကန်တောင်အုပ်စု အုပ်ချုပ်ရေးမှူးနှင့် မူးယစ်ဆေးဝါးဆန့် ကျင်ရေးအသင်းဝင် ဦးလှဝေတို့အား ဦးစိန်မောင်က ဇန်နဝါရီလ ၅ ရက်နေ့ တွင် တရားစွဲဆိုခဲ့ရာ ကျွန်းစုမြို့နယ် တရားရုံးက မေလ ၂၁ ရက်တွင် လက်ရှိ အုပ်ချုပ်ရေးမှူးဖြစ်နေသည်ဟုဆိုကာ အာမခံပေးလိုက်သည်။

ဩဂုတ်လ ၉ ရက်နေ့တွင် အုပ် ချုပ်ရေးမှူးနှင့် ဦးလှဝေဆိုသူတို့အား အာမခံပေးထားရာမှ ပြန်လည်ရုပ်သိမ်း ခဲ့ပြီး အမှုအားဆက်လက်ရင်ဆိုင်နေရ ကြောင်း သိရသည်။