ထီးခီးလမ်းတွင် WY စိတ်ကြွဆေးပြား ခြောက်ထောင် ဖမ်းမိ

0
573

ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ဝါးတောကျေးရွာအနီးတွင် ဩဂုတ်လ ၈ ရက်က WY စိတ်ကြွဆေးပြား ခြောက်ထောင် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါ ကျေးရွာတစ်ဝိုက်တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်မ တော်စစ်ကြောင်းက ဖမ်းမိခဲ့ပြီး ထီးခီး ကုန်သွယ်ရေးစခန်းရှိ ရဲတပ်ဖွဲ့ထံ လာ ရောက်အပ်နှံခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းအရ သိရသည်။
မေတ္တာမြို့ဘက်မှ ထီးခီးဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို တပ်မတော်စစ်ကြောင်းက မသင်္ကာသ ဖြင့် ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် မောင်းလာသည့် အသက် ၃၆ နှစ် အရွယ် အမျိုးသားထံမှ WY စိတ်ကြွ ဆေးပြား ၆ ထောင်ပြားနှင့် အရိုးအသွား ၁၃ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းတို့ ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

အဆိုပါ WY စိတ်ကြွဆေးများကို ဖမ်းမိသည့် အမျိုးသားသည် ပကာရီ ကျေးရွာအုပ်စုနေ အမျိုးသားတစ်ဦးထံမှ ယူဆောင်လာပြီး ထီးခီးရွာအနီးရှိ ကျေး ရွာတွင် နေထိုင်သူနှစ်ဦးထံ ပို့ဆောင် ပေးရမည်ဖြစ်ကာ ပို့ဆောင်ခအဖြစ် တစ်ခေါက်လျှင် ကျပ် ၃ သိန်း ရရှိခဲ့ သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်း အရ သိရသည်။

မူးယစ်ဆေးများ ပို့ဆောင်ခိုင်းသူ နှင့် လက်ခံမည့်အမျိုးသားနှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။
မူးယစ်ဆေးများ သယ်ဆောင်ပေး သည့် အသက် ၃၆ နှစ်အရွယ်ရှိ အမျိုးသားအပြင် မူးယစ်ဆေး ပို့ခိုင်းသူ နှင့် လက်ခံမည့်သူ အမျိုးသား ၃ ဦး တို့ကို မူးစိတ်ပုဒ်မ ၁၉(က)/၂၁ဖြင့် မေတ္တာနယ်မြေရဲစခန်းတွင် အမှုဖွင့် ထားကြောင်း ရဲမှတ်တမ်းအရ သိရ သည်။