သရက်ချောင်းတွင် ကျေးရွာ ကိုးရွာကို စည်ပင်ဧရိယာအဖြစ် တိုးချဲ့ သတ်မှတ်

0
686

သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ကိုးရွာကို စည်ပင်ဧရိယာအဖြစ် ဇွန်လ နောက်ဆုံးအပတ်က တိုးချဲ့သတ်မှတ် လိုက်သည်။
သရက်နှစ်ခွ၊ အောက်သရက်ချောင်း၊ အိမ်ရှေ့ပြင်၊ စုံစင်၊ ပိန်းတော၊ ဂုံညှင်း ဆိပ်၊ ကျောက်ဆည်၊ ပိဒတ်နှင့် သင်း ကျွန်းစသည့် ကျေးရွာများကို စည်ပင် ဧရိယာအဖြစ် ထပ်တိုးသတ်မှတ်လိုက် ခြင်းဖြစ်သည်။

ယင်းတိုးချဲ့လိုက်သည့် ကျေးရွာ များ၏ အနေအထားသည် မြို့အင်္ဂါရပ် နှင့် ညီညွတ်မှုရှိပြီး ဖွံ့ဖြိုးမှု အသင့် အတင့်ရှိသဖြင့် ရွေးချယ်သတ်မှတ်ခြင်း ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောသည်။
ယင်းကျေးရွာများသည် အခြား စည်ပင်ဧရိယာအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများနည်းတူ စည်ပင်က သတ် မှတ်ထားသည့် စည်းကမ်းချက်များလိုက် နာရမည်ဖြစ်ပြီး အခွန်အခများကို ပေး ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

ယင်းအခွန်များဖြင့် ကျေးရွာ သန့် ရှင်းရေးနှင့် ရေမြောင်းများ ရေစီး၊ ရေ လာ ကောင်းမွန်ရေး စသည်တို့ကို စည် ပင်မှ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အခု တိုးလာတဲ့ နေရာတွေကို ဖြစ်သလိုမဟုတ်ဘဲ သန့်သန့်ရှင်းရှင်း ဖြစ်အောင် မြို့အင်္ဂါရပ်နဲ့ညီအောင်တော့ လုပ်ပေးရမယ့်ဟာတွေ ရှိလာတာပေါ့”ဟု ဦးသန်းမြင့်က ဆိုသည်။

စည်ပင်က ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ပါက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို ခွဲခြားမှုမရှိဘဲ တပြေးညီ လုပ်ဆောင်ပေးစေလိုကြောင်း စည်ပင် ဧရိယာတွင် ထပ်တိုးလိုက်သည့် ပိန်း တောကျေးရွာမှ မမီမီနွယ်က ပြောသည်။
ယခင်က သရက်ချောင်း စည်ပင် သာယာရေးဧရိယာတွင် ရက်ကွက် ငါး ရပ်ကွက်နှင့် ကျေးရွာ သုံးရွာရှိကြောင်း ယင်းစည်ပင်သာယာရေး ကော်မတီထံက သိရသည်။