‘ကြေးစားလူမိုက်’စာတမ်းပါ အင်္ကျီဖြင့် လှည့်လည်သူများ အဖမ်းခံရ

0
398

မြိတ်တွင် ကြေးစားလူမိုက်ဟူသည့် စာသားပါ တီရှပ်အင်္ကျီအဖြူရောင်ဆင် တူဝတ်ဆင်သည့် လူငယ် ၁၇ ဦးပါ အဖွဲ့ကို ဒုတိယဝါဆိုလပြည့်နေ့က ဖမ်း ဆီးခဲ့ကြောင်း အမှတ် ၁ နယ်မြေ ရဲကင်း စခန်းထံမှ သိရသည်။
ယင်းနေ့တွင် ကလွင်ကျေးရွာအုပ်စု တောရကျောင်းလမ်းဆုံအနီးတွင် အဆို ပါလူငယ်အဖွဲ့သည် ကြေးစားလူမိုက် စာသားပါ အလံပုံစံငယ်တစ်ခု လွှင့်ထူ ပြီး ဆိုင်ကယ် ၆ စီးဖြင့် အုပ်စုဖွဲ့ လှည့်လည်နေကြောင်း ကလွင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါ လူငယ် ၁၇ ဦးအား ကလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ ဝင်များနှင့် အမှတ် ၁ နယ်မြေရဲကင်း စခန်းမှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များ လိုက် လံဖမ်းဆီးခဲ့ရာ တောင်ပြိုကျေးရွာလမ်း နှင့် နဂါးရာဇ်ဘုရား အဝင်လမ်းထောင့် တွင် ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း အမှတ် ၁ နယ်မြေရဲကင်းစခန်းမှ သိရသည်။
“အုပ်စုလိုက်ဆိုတော့ ပြဿနာ တစ်စုံတစ်ရာမဖြစ်အောင် ကြိုထိန်းလိုက် တာပါ”ဟု မြိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။

သူငယ်ချင်းတစ်စု တိုင်ပင်ကာ ကြေးစားလူမိုက် စာသားပါ တူညီအင်္ကျီ ဝတ်ဆင်ခဲ့ကြသည်ဟု ထွက်ဆိုခဲ့ကြောင်း စခန်းမှူးက ဆိုသည်။
ကြေးစားလူမိုက် စာသားပါ အင်္ကျီ များဝတ်ဆင်ပြီး အုပ်စုဖွဲ့ ဆိုင်ကယ်ဖြင့် လှည့်လည်ကြသည့် လူငယ် ၁၇ ဦးမှာ အသက် ၁၆ နှစ်မှ ၁၇ အထိ လူငယ်များ ဖြစ်ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရ သည်။

၎င်းတို့အား အလားတူအပြုအမူမျိုး ထပ်မံမပြုလုပ်ရန် ပြောဆိုဆုံးမကာ ခံဝန် လက်မှတ်ရေးထိုးစေပြီး အုပ်ထိန်း သူများထံ ပြန်လည်အပ်နှံပေးခဲ့ကြောင်း မြို့မ ရဲစခန်းထံမှ သိရသည်။