တနင်္သာရီတိုင်းခရီးသွားလုပ်ငန်းအတွက် Master Plan မရှိ

0
457

တနင်္သာရီတိုင်းတစ်ခုလုံး၏ စီးပွား ရေးကို ခရီးသွားလုပ်ငန်းဖြင့်မြှင့်တင် မည်ဟု တိုင်းအစိုးရအဖွဲ့က မူဝါဒ ချမှတ် ထားသော်လည်း ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့်Master Plan မရှိသေး ပေ။
ခရီးသွားလုပ်ငန်းအတွက် Master Plan ကို အဖွဲ့အစည်းနှစ်ခုက ရေးဆွဲ နေဆဲဖြစ်ပြီး ပြည်ထောင်စုအစိုးရနှင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ရမည်ဖြစ်သည့်အတွက် အချိန်ယူရမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

Master Plan ရှိပါက တိုင်း အတွင်း ခရီးသွားလုပ်ငန်း၊ ပုလဲမွေးမြူ ရေးလုပ်ငန်းနှင့် ပတ်သက်၍ တိုင်းအစိုးရ က သဘောထား မှတ်ချက်ပေးရာတွင် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကဏ္ဍစုံပါဝင်သည့် ခရီးသွားလုပ် ငန်း Master Plan မရှိသေးသော်လည်း သက်ဆိုင်ရာဌာနများပါဝင်သည့် ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော် မတီများကို ခရိုင်အလိုက်ဖွဲ့စည်းထားပြီး ယင်းကော်မတီမှတစ်ဆင့် အစိုးရအဖွဲ့ အစည်းအဝေး (ကက်ဘိနက်)တွင် ဆွေး နွေးကာ သဘောထားမှတ်ချက်များ ပေး နေကြောင်း ဝန်ကြီးဦးမြင့်မောင်က ပြော သည်။

“တကယ်တမ်းတော့Master Plan  က ရှိသင့်တယ်လို့ အလေးအနက် လက်ခံထားပါတယ်”ဟု ဦးမြင့်မောင်က ဆိုသည်။
လက်ရှိတွင် ခရီးသွားလုပ်ငန်း Master Plan ကို မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန(FFI)နှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် အပင်များအဖွဲ့ (FFI)တို့က ရေးဆွဲနေကြောင်း ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။

တနင်္သာရီတိုင်း၏ စီးပွားရေးမူဝါဒ အရ ထားဝယ်ခရိုင်တွင် ခရီးသွားလုပ် ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း၊ မြိတ်ခရိုင် တွင် ခရီးသွားလုပ်ငန်းနှင့် ရေလုပ်ငန်း၊ ကော့သောင်းခရိုင်တွင် ခရီးသွားလုပ်ငန်း နှင့် ကုန်သွယ်မှုတို့ဖြင့် တွဲဖက်လုပ်ကိုင် မည်ဖြစ်ကြောင်း ယမန်နှစ်က ပြုလုပ် သည့် တိုင်းအစိုးရအဖွဲ့၏ တစ်နှစ်တာ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထား သည်။