မြိတ် တိုက်ဈေး ဆိုင်ခန်းအချို့ ဖောက်ထွင်းခံရ

0
533

မြိတ်မြို့ရှိ ဆိပ်ငယ်ဈေး ဒေသ အခေါ် တိုက်ဈေးအတွင်း ဆိုင်ခန်းတချို့ ဇူလိုင်လ ၄ ရက်ညက ဖောက်ထွင်း ခံရသည်။
အထည်ဆိုင် နှစ်ဆိုင်၊ ဖျော်ရည် ပုလင်းနှင့် မုန့်ခြောက်ရောင်းချသည့် ဆိုင်အပါအဝင် ဆိုင်ခန်း လေးခန်း အဖောက်ခံခဲ့ရသည်ဟု ဆိုင်ရှင်များက ပြောသည်။

အထည်ဆိုင် နှစ်ဆိုင်တွင် စုစုပေါင်း အထည်တန်ဖိုး သုံးသိန်းကျော် အခိုးခံ ရပြီး အခြားဆိုင်များ၌ ငွေကျပ် သောင်းဂဏန်းတန်ဖိုးရှိ ပစ္စည်းများ အခိုးခံရကြောင်း အဖောက်ခံရသည့် ဆိုင်များထံမှ သိရသည်။
“ပစ္စည်းပဲခိုးသွားလို့ တော်သေး တယ် ပြောရမယ်။ လက်ဆော့ပြီး မီးပါ ရှို့သွားရင်တော့ တစ်ဈေးလုံးဘ၀ ပျက် ပြီ” ဟု ဖောက်ထွင်းခံရသည့် အထည် ဆိုင်ပိုင်ရှင် ဒေါ်သီက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဈေးရုံး သို့ နှစ်ကြိမ်တိုင် သွားရောက်တိုင်ကြားခဲ့ သော်လည်း ဇူလိုင် ၆ ရက် နံနက်ပိုင်း အထိ လာရောက်ကြည့်ရှု မေးမြန်းခြင်း မရှိသေးဟု အဖောက်ခံရသည့် အထည် ဆိုင်ပိုင်ရှင် ဒေါ်သီက ပြောသည်။
သို့သော် ဈေးတာဝန်ခံကမူ ဖောက် ထွင်းမှုဖြစ်သည်ဟု လာရောက်တိုင်ကြား သည်မှာ ဖျော်ရည်နှင့်မုန့်ခြောက်ရောင်း သည့် တစ်ဆိုင်သာရှိသေးသည်ဟု ဆို သည်။

အထည်ဆိုင်များလည်း ပါသည်ဟု လာရောက်တိုင်တန်းပါက ရဲစခန်းသို့ သွားရောက်အမှုဖွင့် ပေးမည်ဖြစ်ကြောင်း ဈေးတာဝန်ခံက ပြောသည်။
အဆိုပါဈေးတွင် လုံခြုံရေး ခြောက် ဦး ချထားသည့်အတွက် အပြင်မှဝင် ရောက် ခိုးယူမှုမပြုလုပ်နိုင်ဘဲ ဈေးပိတ် ချိန်ပုန်းအောင်း ကျန်နေခဲ့ကာ ခိုးယူခြင်း ဖြစ်နိုင်ကြောင်း ဈေးတာဝန်ခံက မှတ် ချက်ပေးသည်။

ဖောက်ထွင်းမှုနှင့်ပတ်သက်ပြီး လာရောက် တိုင်ကြားခြင်း မရှိသေး သော်လည်း သတင်းကြားသည့်အတွက် စခန်းမှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေး နေကြောင်း မြိတ်၊ မြို့မရဲစခန်းမှ ရဲ အရာရှိ တစ်ဦးက ဇူလိုင်လ ၆ ရက်က ပြောသည်။
ဆိပ်ငယ်ဈေးတွင် ယခုနှစ်အတွင်း ယခုအကြိမ်အပါအဝင် လေးကြိမ် ဖောက်ထွင်းခံခဲ့ရကြောင်း ဈေးရောင်းသူ များက ပြောသည်။