မောင်းမကန်မြို့ ပြစီမံကိန်း လွှတ်တော်တွင် သောင်တင်

0
692

ဆွေးနွေးအတည်ပြုရန်အတွက် တနင်္သာရီအစိုးရအဖွဲ့က တိုင်းလွှတ် တော်သို့ ပေးပို့ထားသည်မှာ မောင်းမ ကန်မြို့ပြ ဖွံဖြိုးရေးစီမံကိန်းမှာ ငါးလ ကျော်ပြီဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် က ပြောကြားသည်။
မောင်းမကန် မြို့ပြဖွံဖြိုးရေးစီမံ ကိန်းအား နေပြည်တော် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ မြို့ပြစီမံကိန်းရေးဆွဲရေးဆိုင်ရာ ပညာရှင်များက ၂၀၁၇ ခုနှစ်အတွင်း ရေးဆွဲခဲ့ပြီး တိုင်း အစိုးရအဖွဲ့က အတည်ပြုပြီးနောက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်သို့ ပေးပို့ခဲ့ ကြောင်း ဝန်ကြီးထံမှ သိရသည်။

ယင်းကို တိုင်းဒေသကြီးလွှတ်တော် တွင် ယခုအချိန်ထိ တစ်စုံတစ်ရာ ဆွေး နွေးခြင်း မရှိသေးပေ။
မောင်းမကန်မြို့ပြစီမံကိန်းမှာ နားလည်တတ်ကျွမ်းသော အင်ဂျင်နီယာ များ၏အမြင်များ၊ စီးပွားရေးအမြင်ရှိ သူများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက် နစ်နာမှု စသည်တို့ကို စုဆောင်းကွင်း ဆင်းရန်လိုအပ်ပြီး ကြားထဲတွင် လွှတ် တော်ကိုယ်စားလှယ်များ၏ အခြားသော လုပ်ငန်းတာဝန်များ များပြားနေခြင်း ကြောင့် ယင်းကိစ္စကို ဆွေးနွေးရန် ကြန့် ကြာနေခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။

“လာတာနဲ့ တန်းအတည်ပြုလိုက် ရင် ပြည်သူ့အသံမပါဘဲဖြစ်သွားမယ်လို့ ယူဆတယ်။ ပြည်သူတွေ တစ်ယောက် ချင်းစီ သိလေ ကောင်းလေပေါ့လေ။ ကျွမ်းကျွမ်းကျင်ကျင် ဆွေးနွေးနိုင်သူတွေ ရဲ့ အသံ၊ အကြံပြုချက်တွေ ပါအောင် လုပ်ဖို့လိုသေးတယ်၊ ကျွန်တော်တို့ အဲဒီလို ယူဆတယ်”ဟု ဦးကြည်စိုးက ပြောသည်။
ကွင်းဆင်းအချက်အလက် စုဆောင်း မှုများ မြန်နိုင်သမျှမြန်အောင် လုပ်ဆောင် သွားမည်ဟု လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။

ယင်းသို့ စီမံကိန်းအတွက် မည် သည့်အချိန်တွင် ကွင်းဆင်း၍၊ မည် သည့် အချိန်တွင် လွှတ်တော်တွင်ဆွေး နွေး အတည်ပြုမည်ကို ခန့်မှန်းမပြောဆိုနိုင်သေးကြောင်း ၎င်းက ပြောသည်။
မောင်းမကန် မြို့ပြစီမံကိန်းကို အကောင်အထည် ဖော်မည်ဆိုပါက မြေပြင်ပြဿနာများကို ပြေလည်သည် အထိ ရှင်းလင်းပြီးမှ စတင်သင့်ကြောင်း မောင်းမကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးသန်းနိုင်က ပြောသည်။

“ဒီမြေကို တိုင်းဒေသကြီးအစိုးရစီ မံခန့်ခွဲပိုင်ခွင့်ရှိသောမြေဆိုပြီး လုပ်တယ်၊ အဲဒီမြေထဲ ပိုင်ဆိုင်မှုအထောက်အထား ရှိတဲ့လူတွေ ရှိတယ်၊ ဒီလူတွေအတွက် တိုင်းအစိုးရအဖွဲ့က တာဝန်ယူ တာဝန်ခံ မှု ရှိရမယ်ပေါ့”ဟု ဦးသန်းနိုင်က ပြောသည်။
မောင်းမကန် မြို့ပြစီမံကိန်းကို မောင်းမကန်ကမ်းခြေတန်းတစ်လျှောက် မှ အထက်ဘက် မြေ ၃၅၄ ဒဿမ ၆၄ ဧကတွင် အကောင်အထည်ဖော်ရန် စီစဉ် နေပြီး ယင်းမြေမှာ ယခင်က တပ်သိမ်း မြေ ဖြစ်သည်။
ယင်းမြေမှာ တနင်္သာရီဟိုတယ် အစပ်မှ DDPC လုပ်ပိုင်ခွင့်ရ မြေအစပ် ထိ ရှိသည်။

ယင်းမြေကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့မှစ၍ တိုင်းအစိုးရ စီမံခန့်ခွဲ ပိုင်ခွင့် ရရှိခဲ့သည်။
စီမံလုပ်ဆောင်မည့် လုပ်ငန်းများ တွင် ဟိုတယ်ဇုန်၊ ဈေးဆိုင်ခန်းများ၊ အခမဲ့အများသုံး အပန်းဖြေနေရာများ၊ ကားရပ်နားရန် နေရာများ၊ ပန်းခြံများ၊ အားကစားကွင်းများ၊ လုံခြုံရေးစခန်းနှင့် ကွပ်ကဲရေးရုံးခန်းများ၊ အမှိုက်စွန့်ပစ် နေရာများပါဝင်မည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။
ယင်းဧရိယာအတွင်း နေထိုင် လုပ် ကိုင်နေသူများအား လျော်ကြေးပေးချေ ခြင်း၊ ပြန်လည်နေရာချထားပေးခြင်း များကို အစိုးရ အဖွဲ့ အတည်ပြုချက်ဖြင့် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းဧရိယာအတွင်း လူနေအိမ် ၂၅၆ လုံး၊ ဘန်ဂလို ၃၁ လုံး၊ ဈေးဆိုင် ခန်း ၁၄၂ ခန်း၊ ခြံ မြေကွက် ၆၂ ကွက် အား စာရင်းကောက်ယူရေး ကော်မတီမှ ကောက်ယူမှတ်တမ်း ပြုထားသည်ဟု ထုတ်ပြန်ထားသည်။
မောင်းမကန် ကမ်းခြေ၌ စားသောက် ဆိုင်များ၊ ပျံကျဆိုင်များ၊ ဘန်ဂလိုများ၊ တည်းခိုခန်းများ၊ ကေတီဗွီများနှင့် ကျူး ကျော်နေအိမ်အချို့ ရှိနေသည်။ အချို့မှာ တိုးချဲ့ ဆောက်လုပ်လျက်ရှိသည်။
Gင် သောင်တင်