ကော့သောင်းတွင် ကျောင်းထိုင် ဆရာတော်တစ်ပါး ဓာတ်လိုက် ပျံလွန်

0
422

ကော့သောင်းမြို့ ရွှေပြည်သာရပ် ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် သက်တော် ၅၂ နှစ်ရှိ ကျောင်းထိုင် ဆရာတော်တစ်ပါး ဇွန်လ ၁၈ ရက် ညနေပိုင်းက ဓာတ်လိုက်ကာ ပျံလွန် တော်မူခဲ့ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်း ဝင်းအတွင်းရှိ ဓမ္မာရုံ ၀ရန်တာပေါ်မှ ယင်း ဆရာတော် သီတင်းသုံးသည့် သစ် သားကျောင်းဆောင်၏ သွပ်မိုးပေါ်က သစ်ရွက်များကို မိုးရွာနေစဉ် အုန်းလက် တံမြက်စည်းဖြင့် လှဲချခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။

ထိုသို့ အမှိက်လှဲနေစဉ် ဓမ္မာရုံနှင့် သစ်သားကျောင်းကို သွယ်တန်းထား သည့် လျှပ်စစ်မီးကြိုးပေါက်နေသည့် နေရာကို ဆရာတော် ရင်ဘတ်နှင့်ထိမိပြီး ဓာတ်လိုက်ကာ ပျံလွန်တော်မူခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဆရာတော်၏ ယာဘက်ရင်အုံတွင် ဓာတ်လိုက်ထားသည့် ဒဏ်ရာဖြင့် ပျံ လွန်တော်မူခဲ့ပြီး ကော့သောင်းမြို့မရဲစ ခန်းတွင် သေမှုသေခင်း အမှုဖွင့်ထား ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။