မူးယစ်မှုဖြင့် အဖမ်းခံထားရသော ထားဝယ်မှ လုပ်ငန်းရှင်၏ ပိုင်ဆိုင်မှု စစ်ဆေး

0
680

နာမည်ကျော် မလေးရှား မူးယစ်အမှု၏ ကွင်းဆက် တရားခံ ထားဝယ်မြို့မှ အောင်လွင် အမည်ရ လုပ်ငန်း ရှင်၏ ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု ဥပဒေဖြင့် စစ်ဆေးမည် ဖြစ်သည်။
အောင်လွင်၏ ပိုင်ဆိုင်မှုတန်ဖိုး ကျပ်သိန်းပေါင်း နှစ်သောင်းခုနစ်ထောင် ကျော်ကို ကနဦးစိစစ်တွေ့ရပြီး ထိန်း သိမ်းထားကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူလျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိဖော်ပြထားသည့် ၎င်းပိုင်ဆိုင်မှုစာရင်းမှာ ကနဦးတွေ့ရသည့် ပမာဏသာဖြစ်ပြီး နောက်ထပ်ပိုင် ဆိုင်မှုများလည်း ရှိနိုင်သေးကြောင်း တနင်္သာရီ အပတ် စဉ်၏ ယုံကြည်ရသည့် သတင်းအရင်းအမြစ်များထံမှ စုံစမ်းသိရှိရသည်။

တနင်္သာရီ အပတ်စဉ်၏ စုံစမ်းချက်အရ ထားဝယ် တွင် ၎င်းပိုင်ဆိုင်မှု စာရင်းမှာ ပြည်တွင်းဘဏ်နှစ်ခုတွင် အပ်နှံထားသည့် ကျပ်သိန်းပေါင်း ၁၃၅၀၀၊ အများပိုင် ကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာဝင်ထားသည့် ကျပ်သိန်း နှစ်ထောင်၊ မောင်းမကန်တွင် အဆင့်မြင့် တည်းခိုခန်းတစ်ခုနှင့် မြေကွက်များ၊ မေတ္တာမြို့အနီးရှိ ရော်ဘာခြံ၊ ထားဝယ်မြို့အတွင်းရှိ အထပ်မြင့် ဟိုတယ်တစ်လုံး၊ ကျောက် မော်ရပ်ကွက် ရှိ နေအိမ်တစ်လုံး ရှိသည်။

၎င်းအပြင် ရန်ကုန်မြို့တွင် KTV လုပ်ငန်းတစ်ခု၊ ကားအရောင်းပြခန်း တစ်ခုနှင့် တိုက်အိမ်တစ်လုံးပါ ပိုင်ဆိုင် ကြောင်း စုံစမ်းသိရှိရသည်။
ပိုင်ဆိုင်မှု အများစုကို ၎င်း၏ မိသားစုဝင်အမည်များဖြင့် ဝယ်ယူထား ခြင်းဖြစ်ကြောင်း စုံစမ်းရရှိသည့် သတင်း များအရ သိရသည်။
သို့သော် ယင်းအချက်များနှင့် ပတ်သက်၍ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
တနင်္သာရီတိုင်းရဲတပ်ဖွဲ့ကလည်း တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။

အောင်လွင် မည်သူနည်း
ဖမ်းဆီးရမိထားသော အောင်လွင် ကို ထားဝယ်မြို့တွင် ပျဉ်ပိုးဟု လူသိများ သည်။
အသက် ၅၄ နှစ် အရွယ်ရှိပြီ ဖြစ်ပြီး ၎င်း၏ မိဘပိုင် ယိုစုံလုပ်ငန်း တည်ရှိရာ ထားဝယ်မြို့ ဆင်ပုနစ်ရပ် ကွက်တွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန် ထားသည့် သတင်းတွင် အောင်လွင်၏ အခြားအမည်ကို ထားဝယ်ကြီးဟု ဖော်ပြ ထားသည်။
ဇနီးဖြစ်သူမှာ ရန်ကုန်မြို့တွင် နေထိုင်ပြီး သားသမီးနှစ်ဦး ရှိသည်။ အောင်လွင်သည် မွေးချင်း လေးဦးတွင် အကြီးဆုံးသား ဖြစ်သည်။
အောင်လွင်သည် ပြီးခဲ့သည့် ၁၉၉၇ ခုနှစ်ဝန်းကျင်ကပင် မလေးရှား နိုင်ငံတွင် ငွေလွှဲလုပ်ငန်းနှင့် မြန်မာ ပစ္စည်းများ ရောင်းချသည့်လုပ်ငန်းကို လုပ်ကိုင်နေကြောင်း မလေးရှားနိုင်ငံတွင် ၎င်းနှင့်တွေ့ဆုံခဲ့သည့် အသက် ၅၀ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးက တနင်္သာရီ အပတ်စဉ်သို့ ပြောသည်။
ယင်းအချိန်ကပင် မူးယစ်ဆေးဝါး လုပ်ငန်းနှင့် ရင်းနှီးမှုရှိပြီး ထားဝယ်သို့ ပြန်ရောက်လာချိန်တွင် ရန်ကုန်တွင်သာ အနေများသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

မလေးရှားကို မူးယစ်တင်ပို့မှုတွင် အဓိက တရားခံဖြစ်သည့် မောင်မောင်နှင့် ဇေယျာဟိန်းတို့၏ ထွက်ဆိုချက်များအရ ထားဝယ်မြို့တွင် နေထိုင်သူ အောင်လွင် နှင့် မလေးရှားနိုင်ငံ၌ တွေ့ဆုံသိကျွမ်းခဲ့ ပြီး ၎င်းတို့သည် ချင်ကျားမူ (ခ) မကျား ဝေ (ခ) နှင်းဦးလွင်နှင့်ဆက်သွယ်ကာ မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။
မောင်မောင်(ခ)ယာစင်၊ ဇေယျာဟိန်း၊ ချင်းကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင် နှင့် ၎င်း၏ခင်ပွန်း အကိုကြီး(ခ)ကတုံး တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးများကို မင်းနိုင်၏အကူအညီဖြင့် မလေးရှား နိုင်ငံသို့ ပေးပို့ခဲ့ သည်ဟု အောင်လွင်က ထွက်ဆိုကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။
အောင်လွင်သည် ယခင်က မလေး ရှားနိုင်ငံ၌ မူးယစ်ဆေးဝါးမှုဖြင့် ထောင် ကျခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့သို့ ဝန်ခံထွက် ဆိုထားသည်။

ဖမ်းမိပုံ
အောင်လွင်ကို မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း နယ်စပ်ဖြစ်သည့် မလွှဲ တောင် စစ်ဆေးရေးဂိတ်တွင် ဇွန်လ ၁၂ ရက်ညပိုင်းက သံဃာတော်တစ်ပါး၏ ကားပေါ်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ထားဝယ်မြို့ ၌ ချုပ်နှောင်ထားဆဲဖြစ်သည်။
ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသ မှုခံယူနေသည့် အဒေါ်ဖြစ်သူကို ကား ဖြင့်သွားခေါ်ရန် ပြင်ဆင်နေစဉ် ကညုံ ရပ်ကွက်နေ ဒကာတစ်ဦးက လမ်းကြုံ လိုက်မည့် အမျိုးသားတစ်ဦးရှိကြောင်း ပြောကာ သီတင်းသုံးနေထိုင်သည့် ကျောင်း တိုက်သို့ ခေါ်လာကြောင်း အောင်လွင်ကို ကားဖြင့်လမ်းကြုံခေါ် ဆောင်လာသည့် သက်တော် ၃၃ နှစ်အရွယ်ရှိ ဦးဇင်း တစ်ပါးက မိန့်ကြားသည်။

လမ်းကြုံလိုက်သူသည် မည်သူ မည်ဝါ ဖြစ်ကြောင်းကိုလည်း မသိခဲ့ရ ကြောင်း အဆိုပါ ဦးဇင်းက တနင်္သာရီ အပတ်စဉ်သို့ မိန့်ကြားသည်။
ထိုနေ့ ည ၉ နာရီခန့်တွင် မလွှဲ တောင်စစ်ဆေးရေးဂိတ်သို့ ရောက်ရှိစဉ် ရဲတပ်ဖွဲ့က ကားကိုတားကာ မှတ်ပုံတင် စစ်ဆေးခဲ့ရာ အောင်လွင်တွင် နိုင်ငံသား စိစစ်ရေးကတ်ပြား မပါသည့်အတွက် ယာဉ်မောင်းလိုင်စင်ကိုသာ ထုတ်ပေး ခဲ့သည်။
လမ်းကြုံလိုက်လာသူမှာ အောင်လွင် ဟု စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်က သိရှိ ချိန်တွင် ဂိတ်မောင်းတံကို ပိတ်ကာ ကား ပေါ်ပါသည့် ဦးဇင်း၊ ယာဉ်မောင်းနှင့် အောင်လွင်တို့ကို စစ်ဆေးရေးဂိတ်ရှိ အခန်းထဲသို့ ခေါ်ဆောင်ခဲ့ကြောင်း ၎င်းက မိန့်ကြားသည်။

“လမ်းမှာတော့ သူက ထွေထွေထူး ထူး မပြောပါဘူး၊ ဟိုတယ်က သူ့ဟာလို့ တော့ ပြောတယ်၊ အခြားတော့ မပြော ဘူး၊ ကားနောက်ခန်းမှာ သူ့ဟာသူ အိပ်ပြီးပဲ လိုက်နေတယ်။ (ဖမ်းချိန်မှာ) တစ်ခုခုဖြစ်ပြီလို့တော့ ထင်လိုက်တယ် ကိုယ့်စိတ်ထဲမှာတော့၊ ဘာမှ မသိတာ ကိုး”ဟု အထက်ပါ ဦးဇင်းက မိန့်သည်။
ယင်းနောက် အောင်လွင်ကို အခြား ယာဉ်တစ်စီးဖြင့် လည်းကောင်း၊ ဦးဇင်း နှင့်ယာဉ်မောင်းကို ၎င်းတို့စီးနင်း လာ သည့်ကားဖြင့်လည်းကောင်း ထားဝယ် မြို့သို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။
မလွှဲတောင် စစ်ဆေးရေးဂိတ်မှပြန် လာပြီးနောက် ထားဝယ် ရဲတပ်ဖွဲ့စခန်း သို့ ည ၁၂ နာရီခန့်တွင် ရောက်ရှိပြီး ယာဉ်မောင်းဖြစ်သူနှင့် အောင်လွင်ကို အသေးစိတ်စစ်ဆေးခဲ့သည်။

ဦးဇင်းကို တစ်ညတာ မေးမြန်းပြီး ဇွန်လ ၁၃ ရက် နံနက် ၆ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဦးဇင်း က မိန့်သည်။
အဖမ်းခံရသည့်နေ့မတိုင်မီ ၃ ရက် အလို ဇွန်လ ၉ ရက်နေ့က အောင်လွင် သည် ထားဝယ်မြို့မှ ဂေါက်သီးရိုက် ကစားသမား ၁၂ ဦးနှင့်အတူ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့တွင် အပျော်တမ်း ဂေါက်သီး ကစားခဲ့သေးသည်။
အောင်လွင်နှင့် မိတ်ဆွေ တစ်ဦးက ကားတစ်စီး၊ ကျန်သည့်ကစားသမား များက ကားနှစ်စီးဖြင့် သွားရောက်ခဲ့ပြီး ကန်ချနဘူရီမြို့တွင် သုံးညအိပ် လေး ရက်ကြာ နေထိုင်ခဲ့ကြောင်း ဂေါက်သီး ရိုက်ရန် အတူတူသွားရောက်ခဲ့သည့် အမျိုးသားတစ်ဦးက တနင်္သာရီအပတ်စဉ် သို့ ပြောသည်။

“လမ်းတစ်လျှောက်မှာလည်း ဖုန်းဆက်နေတာမျိုး မတွေ့ခဲ့ရဘူး၊ ဣနြေ္ဒ ပျက်နေတာမျိုးလည်း မတွေ့ရ ဘူး၊ ပုံမှန်ပါပဲ”ဟု အဆိုပါ အမျိုးသားက ဆိုသည်။
ထိုင်းနိုင်ငံမှ အပြန် ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် အောင်လွင်က ၎င်းပိုင် ဆိုင်သည့် ဇလွန်းရွာရှိ ခြံကိုဝင်ကြည့်မည် ဆိုကာ ကျန်နေရစ်ခဲ့ကြောင်း ၎င်းက ပြောသည်။
ယင်းနေ့ နေ့လယ်တွင်ပင် ရဲတပ် ဖွဲ့က ထားဝယ်မြို့ရှိ အောင်လွင် နေထိုင် သည့်အိမ်နှင့် ၎င်းမိသားစုပိုင် အိမ်တို့ကို ဝင်ရောက်ရှာဖွေခဲ့ရာ ကျောက်မော် ရှမ္မ ရပ်ကွက်ရှိ နေအိမ် အိပ်ခန်းတွင် ICE ၁၀ ဂရမ် ဖမ်းမိခဲ့သည်။
မလေးရှားမူးယစ်ဆေးအမှုနှင့် ပတ် သက်ဆက်နွယ်နေသည့် ထားဝယ်လုပ် ငန်းရှင်တစ်ဦးကို ဖမ်းဆီးခဲ့သည့် သတင်း ကို ဇွန်လ ၁၈ ရက်နေ့ထုတ် တနင်္သာရီ အပတ်စဉ်တွင် ဖော်ပြခဲ့သည်။

ယင်းနောက် တစ်ရက်အကြာ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းတွင်မှ အစိုးရ က ထိုကွင်းဆက် အမှုနှင့် ပတ် သက်၍ အများပြည်သူသို့ တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။
၁ ဒသမ ၂ တန်နီးပါးရှိ မက်အဖက် တမင်း မူးယစ်ဆေးဝါးများကို ကုန် သေတ္တာတစ်လုံး အတွင်းရှိ လက်ဖက် ခြောက် ထုပ်များအတွင်း ဝှက်ကာ မလေးရှားနိုင်ငံသို့ တင်ပို့လိုက်ရာမှ မေလ ၂၂ ရက်နေ့က ဖမ်းမိသွားခြင်း ဖြစ်သည်။
အခြားတရားခံတစ်ဦး ဖြစ်သူ မင်းနိုင်မှာ စာရွက်စာတမ်းကိစ္စရပ်များ အကျိုးဆောင်ပေးသော Nice Guy Clearance Service Agency ပိုင်ရှင် ဖြစ်ပြီး မောင်မောင်၏ လုပ်ငန်းများကို ဝန်ဆောင်မှုပေးခဲ့သည်မှာ ၁၀ နှစ်ခန့် ရှိပြီဖြစ်ကြောင်းMyanmar Now သတင်းဌာနတွင် ဖော်ပြထားသည်။

လက်ရှိတွင် လှည်းကူးမြို.နယ်ရှိNice Guy ရေသန့်စက်ရုံမှ အောက် ပုဇွန်တောင်လမ်းရှိ ဂိုဒေါင်သို့ ပို့ဆောင် ပေးသူ ဟူစိန်(ခ) မိုဟာမက်ဟူစိန်၊ ချင်ကျားမူ (ခ)မကျားဝေ (ခ) နှင်းဦးလွင် ၏ခင်ပွန်း အကိုကြီး(ခ) ကတုံး (စိစစ် ဆဲ၊ မလေးရှားနိုင်ငံတွင်နေထိုင်သူ)၊ ချင်ကျားမူ(ခ)မကျားဝေ(ခ)နှင်းဦးလွင် တို့ လွတ်မြောက်နေဆဲဖြစ်ကြောင်း ပြည်ထဲရေးက ထုတ်ပြန်ထားသည်။

အမှု၏ အဓိက တရားခံ ဖြစ်သူ မောင်မောင် (ခ) ယာစင်သည် လူကုန် ကူးမှု တရားခံလည်း ဖြစ်နိုင်ကြောင်းMyanmar Now သတင်းဌာနက ဖော်ပြခဲ့ပြီး ထိုသို့ ရေးသားချက် အပြည့် အစုံကို တနင်္သာရီအပတ်စဉ် စာမျက်နှာ ၁၆ တွင် ချိတ်ဆက်ဖော်ပြထားပါသည်။