နိုင်ငံခြားသားများ အစုရှယ်ယာပိုထည့်နိုင်မည့် ကုမ္ပဏီဥပဒေ ဩဂုတ်တွင် စတင်ကျင့်သုံးမည်

0
506

ပြည်တွင်းနှင့် ပြည်ပ လုပ်ငန်းရှင် များ တွဲဖက်လုပ်ကိုင်မည့် ဖက်စပ် ကုမ္ပဏီများတွင် နိုင်ငံခြားသားများ အစုရှယ်ယာငွေကြေး ပိုမိုထည့်ဝင်လုပ် ကိုင်နိုင်မည့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကို လာမည့်ဩဂုတ်လ ၁ ရက်နေ့ တွင် စတင်ကျင့်သုံးတော့မည် ဖြစ်သည်။
ကျင့်သုံးမည့် ဥပဒေအသစ်အရ ဖက်စပ်ကုမ္ပဏီတစ်ခုတွင် နိုင်ငံခြားသား လုပ်ငန်းရှင်၏ အစုရှယ်ယာ ၃၅ ရာခိုင် နှုန်းအထိ ပါဝင်နိုင်မည်ဖြစ်ပြီး အဆိုပါ ကုမ္ပဏီကို ပြည်တွင်းကုမ္ပဏီအဖြစ်ပင် သတ်မှတ်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံ မှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တနင်္သာရီတိုင်းဒေသကြီး ဒုတိုင်းဦးစီးမှူး ဒေါ်သန်းသန်းနုက ပြော သည်။

လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေ တွင်မူ ဖက်စပ်ကုမ္ပဏီတစ်ခုတွင် နိုင်ငံ ခြားသား၏ အစုရှယ်ယာ ၁ ရာခိုင်နှုန်း ပါဝင်ပါက နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်ထားပြီး နိုင်ငံခြားကုမ္ပဏီအနေ နှင့် မီနီမားကက်နှင့် သယ်ယူပို့ဆောင် ရေးကဲ့သို့ လုပ်ငန်းများ လုပ်ကိုင် ခွင့်မရှိ ကြောင်း အထက်ပါဌာနထံမှ သိရသည်။
“နိုင်ငံခြားကုမ္ပဏီဖြစ်ရင် နိုင်ငံခြား သားလုပ်ခွင့်မရှိတဲ့ လုပ်ငန်းတွေ လုပ်ခွင့် မရတော့ဘူး”ဟု ဒေါ်သန်းသန်းနုက ပြောသည်။
လက်ရှိ တနင်္သာရီတိုင်းအတွင်းရှိ ကုမ္ပဏီအချို့တွင် နိုင်ငံခြားလုပ်ငန်းရှင် က မြန်မာနိုင်ငံသားကို အမည်ခံခိုင်းကာ ငွေကြေးထည့်ဝင်ပြီး စီးပွားရေးလုပ်ငန်း များ လုပ်ဆောင်နေသည်။

လက်ရှိတွင် ကုမ္ပဏီတစ်ခုတည် ထောင်ရာ၌ ဒါရိုက်တာအဖွဲ့ကို နှစ်ဦး အနည်းဆုံးရှိရမည်ဖြစ်သည်။
သို့သော် ဥပဒေအသစ်တွင် ဒါရိုက် တာ တစ်ဦးတည်းဖြင့် ကုမ္ပဏီထောင်ခွင့် ရှိခြင်း၊ ကုမ္ပဏီတည်ထောင်ခွင့် လျှောက် ထားမှုကို အင်တာနက်ကွန်ရက်မှတစ် ဆင့် လျှောက်ထားနိုင်ခြင်း အစရှိသည့် ဖြေလျော့မှုများ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ် ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ပြည် ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ ခြင်း ဖြစ်သည်။
လက်ရှိ မှတ်ပုံတင်ထားသော ကုမ္ပဏီ များအားလုံးသည် လာမည့် ဩဂုတ်လ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက်အထိ ကုမ္ပဏီ မှတ်ပုံတင် စနစ် သစ်ဖြင့် ပြန်လည် မှတ်ပုံတင်ရမည်ဖြစ် ကြောင်း DICA က ထုတ်ပြန်ထားသည်။

ပြန်လည်မှတ်ပုံတင်ရာတွင် အခ ငွေကြေး ပေးသွင်းရန်မလိုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ အသစ်သည် ၁၉၁၄ ခုနှစ်က ပြဋ္ဌာန်းထား သည့် ဥပဒေကို ပြင်ဆင်ထားခြင်း ဖြစ် ကြောင်း အထက်ပါဌာနထံမှ သိရသည်။