မွန်တွင် ရေကြီးရေလျှံမှုကြောင့် ဆားကြမ်းပိဿာချိန် ၂၆ သိန်းကျော် ပျက်စီး

0
425

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့ သည့် ရေကြီးရေလျှံမှုကြောင့် ဂိုထောင် တွင် သိုလှောင်ထားသည့် ဆားကြမ်း ပိဿာချိန် ၂၆ သိန်းကျော် ပျက်စီးဆုံးရှုံး ခဲ့သည်ဟု မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတု ဗေဒပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်း (မွန်ပြည်နယ်)ရုံးမှ သိရသည်။
ဇွန်လ ၁၇ ရက်က သည်းထန်စွာ ရွာသွန်းခဲ့သည့်မိုးကြောင့် ပြည်နယ် အတွင်း ဆားကြမ်းအများဆုံး ထုတ်လုပ် သည့် သံဖြူဇရပ်မြို့နယ်တွင် ရေကြီး ရေလျှံမှု ဖြစ်ပွားခဲ့သည့်အတွက် ဆားကြမ်း သိုလှောင်ထားသည့် ဂိုထောင် ၁၉ လုံးမှ ဆားကြမ်း ပိဿာချိန် ၂၆ သိန်းကျော် စုစုပေါင်းတန်ဖိုး သိန်း ၄၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟု မြန်မာ့ဆားနှင့် အဏ္ဏဝါ ဓာတုဗေဒပစ္စည်းထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ ပြည်နယ် ဦးစီးမှူး ဦးခင်စိုးက ပြော သည်။

ဆားကြမ်းထုတ်လုပ်သည့် အခြား မြို့နယ်တို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပွား ခဲ့သော်လည်း ဆားကြမ်းသို လှောင်ထား သည့် ဂိုထောင်များ နစ်မြုပ်မှုမရှိသည့် အတွက် ဆားပျက်စီး ဆုံးရှုံးမှုမရှိကြောင်း ဦးခင်စိုးက ပြောသည်။
“ရေပြန်ကျသွားတဲ့အချိန်မှာ တချို့ ဂိုထောင်တွေက ဆားတွေ ပြန်ရရှိခဲ့ တာရှိလို့ ဆားပိဿာချိန် သိန်း ၂၀ ကျော် ၃၀ နီးပါးလောက်ပဲ ပျက်စီး သွားတာရှိတယ်”ဟု ဆားလုပ်ငန်း ဦးမူဟုတ်က ပြောသည်။
ရေကြီးရေလျှံမှုကြောင့် သံဖြူဇရပ် မြို့နယ်အတွင်းတွင် ဆားကြမ်း များ သာမက ငပိလုပ်ငန်း၊ ငါးလုပ်ငန်းနှင့် ကြက်စာလုပ်ငန်းများတွင်လည်း ပျက်စီးဆုံးရှုံးမှုရှိကြောင်း ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။
ယခုနှစ်တွင် မွန်ပြည်နယ်အတွင်း ဆားလုပ်တောင်သူ ၇၀ ဦးက ဆားကွင်း ဧကပေါင်း ၂၈၃၉ တို့တွင် ဆားကြမ်း ထုတ်လုပ်ခဲ့ပြီး လျာထားသည့် ဆားကြမ်း ပမာဏ၏ ၈၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်သည်ဟု မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတု ဗေဒပစ္စည်းထုတ်လုပ် ရောင်းဝယ်ရေး လုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ သိရသည်။

ဆားကြမ်းအထွက်နှုန်း လျော့နည်း သည့်အပြင် မိုးကြောင့် သိုလှောင်ထား သည့် ဆားကြမ်းများပါ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည့်အတွက် ဆားကြမ်းဈေး တက် လာနိုင်သည်ဟု ဆားလုပ်ငန်းရှင်တို့က သုံးသပ်သည်။
မွန်ပြည်နယ်မှ ထွက်သည့် ဆား များကို ပြည်နယ်အတွင်း အသုံးပြုပြီး ပိုလျှံသည့်ဆားများကို အထက်မြန်မာ ပြည် မန္တလေးဈေးကွက်နှင့် တနင်္သာရီ တိုင်းဒေသကြီးဘက်ရှိ ငါးလုပ်ငန်း ဈေးကွက်များသို့ အဓိက တင်ပို့ရောင်း ချသည်ဟု ပြည်နယ်ဆား လုပ်ငန်းရှင် အသင်းမှ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့ နယ်ရှိ ပငရွာ၊ ကရုပ္ပိရွာ၊ ကျိုက်ခမီမြို့နှင့် စက်စဲ၊ ပေါင်မြို့နယ် ထန်းပင်ချောင်းရွာ နှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့တွင် နေလှန်းဆားအများအပြား ထုတ်လုပ်ရာ ဒေသ ဖြစ်သည်။