မူးယစ်ဆေးပညာပေးနှင့် ကလေး သူငယ် အခွင့်အရေးဆိုင်ရာ APP ရေးဆွဲ

0
395

တနင်္သာရီတိုင်းအတွင်း လူမှုရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကလျာဏမိတ္တဖောင်ဒေးရှင်းမှ ဦးဆောင် ပြီး မူးယစ်ဆေးအသိပညာပေးနှင့် ကလေး သူငယ် အခွင့်အရေးဆိုင်ရာ မိုဘိုင်း ဗဏဏ နှစ်ခု ရေးဆွဲလျက်ရှိကြောင်း ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးအောင်သူရလင်း က ပြောသည်။

မူးယစ်ဆေး အသိပညာပေးAPP တွင် မူးယစ်ဆေးဝါး၏ ဆိုးကျိုး အသိ ပညာပေး၊ ကုသရမည့်နေရာ လမ်းညွှန်၊ လူငယ်များနှင့် အင်တာဗျူးကဏ္ဍတို့ ပါဝင်မည်ဖြစ်ကြောင်း ဦးအောင်သူရလင်း က ပြောသည်။
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ APP တွင် သက်ငယ်မုဒိမ်း ဖြစ်ပွား ရခြင်းအကြောင်းအရာများ၊ ကလေး သူငယ်အခွင့်အရေး အချက်အလက်များ၊ ကလေးသူငယ်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးသည့် အဖွဲ့အစည်းများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

“ဒီAPP ကို ကြည့်ပြီး ဆေးသုံးစွဲ နေတဲ့ လူငယ်တွေ ဆေးဖြတ်ချင်ရင် ဘယ်ဌာနတွေကို ဆက်သွယ်ရမလဲ ဆိုတာ ဆယ်သွယ်ရမယ့် နည်းလမ်းတစ် ခု ရလာလိမ့်မယ်လို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။
ယင်း APP နှစ်ခုကို တိုင်းရဲတပ်ဖွဲ့၊ တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနတို့၏ အချက်အလက်များဖြင့် ကွန်ပျူတာ တက္ကသိုလ် (ထားဝယ်) ကျောင်းသား၊ ကျောင်းသူများက ရေးဆွဲမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် မူကြမ်းရေးဆွဲ ပြီးစီး နေပြီး ကလျာဏမိတ္တဖောင်ဒေးရှင်း၏ မိတ်ဖက် အရပ်ဘက်အဖွဲ့အစည်းများ အကူအညီဖြင့် လာမည့် ဇူလိုင်လတွင် ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရန် ဖြန့်ဝေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထားဝယ်တွင် ၂၀၁၇ ခုနှစ် မတ်လက ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) ကျောင်းသားများ ရေးဆွဲ သည့် ထားဝယ် ခရီးသွားလမ်းညွှန် APP နှင့် စက်တင်ဘာလတွင် လူငယ် တစ်ဦး ရေးဆွဲသည့် ထားဝယ်လမ်းညွှန်APP တို့ ထွက်ရှိခဲ့ဖူးသည်။