ပျားရည်သုပ်ထားသော တုတ်ချောင်းများ

ဒေသဖွံ့ဖြိုးရေး၊ လူနေမှုဘ၀မြှင့် တင့်ရေး၊ မြို့ပြကျေးလက်များ ဖွံ့ဖြိုးတိုး တက်ရေး စသဖြင့် ခေါင်းစီးအမျိုးမျိုးဖြင့် စီမံကိန်းလုပ်ငန်းကြီးများ တစ်ခုပြီးတစ်ခု ဝင်ရောက်လာနေသည်။
စီမံကိန်းများ ဝင်ရောက်လာပါက စီမံကိန်းလုပ်ကွက်အတွင်းရှိ ကျေးရွာနေ ပြည်သူများ၏ စံပျော်ရာ တဲအိမ်ကလေး များ၊ ဝမ်းစာရေးအတွက် ကျက်စားရာ လုပ်ငန်းခွင်များ ဘုံပျောက်ခဲ့ရသည်။

ကမ်းသာယာ
တစ်ချိန်က မြိတ်မြို့ ကလွင်ကျေး ရွာအုပ်စုရှိ ယောကြီးဝမြစ်ကမ်းနံဘေးက ကမ်းသာယာကျေးရွာ (ဒေသအခေါ် ချောင်းတခင်း)တွင် ဂွေးဖောင်(ငပိ)လုပ် ငန်းထွန်းကားခဲ့သည်။ အိမ်ခြေ ၄၀ နီး ပါးခန့်ရှိ ကမ်းသာယာကျေးရွာသို့ ၂၀၁၄ -၂၀၁၅ ခုနှစ်က မြိတ်စီးပွားရေးဇုန်စီမံ ကိန်းကြီး ဝင်ရောက်လာခဲ့သည်။ စီမံ ကိန်းဧရိယာအတွင်းရှိ ကမ်းသာယာ ကျေးရွာနေအိမ်များအတွက် အစားထိုး တိုက်ခန်းများကို အခမဲ့ဆောက်လုပ်ပေး ပြီး ဂွေးဖောင်လုပ်ငန်းခွင်နေရာများကို အစားထိုးနေရာချပေးမည်ဟု စီမံကိန်း တာဝန်ရှိသူများက ရွာသားများအား ကတိက ဝတ်ပြုခဲ့သည်။

ကတိပြုထားသည့်အတိုင်း မူလနေ ထိုင်ရာအိမ်များမှ ပေ၁၈ _ပေ၃၀ မြေ ကွက်ပေါ်ရှိ အစားထိုး လုံးချင်းတိုက်ခန်း ပေါ်သို့ ပြောင်းရွှေ့ပေးခဲ့ကြသည်။
သို့သော် လက်ရှိအချိန်ထိ လုပ်ငန်း ခွင်နေရာများ ဗလာနတ္ထိ။ ဂွေးဖောင်လုပ် ငန်းများ ကပ်ဘေးဆိုက်ခဲ့ရသည်။
လုံးချင်းတိုက်ခန်းနှင့် ဂွေးဖောင် လုပ်ငန်းခွင် အလှမ်းဝေးကွာရခြင်း၊ လုပ် ငန်းခွင်နေရာများ မရှိတော့ခြင်းတို့ကြောင့် ယခင်က ရွာလုံးကျွတ်နီးပါး ဂွေးဖောင် လုပ်ငန်းလုပ်ကိုင်ခဲ့သည့် ကျေးရွာလေး တွင် ယခုတော့ ဖောင်လုပ်ငန်းလုပ်ကိုင် သူ ၁၀ ဂဏန်းပင် မပြည့်။ ကာလ ပေါက် ဈေးနှုန်း ကျပ် ၁၅၀ သိန်းဝန်း ကျင်ရှိ လုံးချင်းတိုက်ခန်းများအား ရောင်းချပြီး ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့သူတစ်ချို့ရှိနေတာကို လုံးချင်းတိုက်ခန်းရှေ့ရှိ “အိမ်ရောင်း မည်”ဟု ဆိုင်းဘုတ်တချို့က သက်သေ တည်နေပေသည်။
ထို့ပြင် စီမံကိန်းလုပ်ငန်းခွင်များ တွင် ကျေးရွာသားများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေး မည်ဟု စီမံကိန်းတာဝန်ရှိသူတို့က ဆို ထားသေးသည်။

“ကမ်းသာယာရွာသားတွေကို ရှေ့ဦးထိပ်မှာထားတော့ ပန်းရံ ဖြစ်သွား ပြီ”ဟု လုံးချင်းတိုက်ခန်းပေါ်သို့ ပြောင်း ရွှေ့နေထိုင်ခဲ့သူ ဒေါ်ရွေမိုးက ညည်းညူ ခဲ့သည်။
ရွာသားများအား စီမံကိန်းလုပ်ငန်း တို့တွင် အလုပ်အကိုင်အခွင့်အလမ်းများ ချပေးထားသည့် အမြှင့်ဆုံးနေရာမှာ ပန်း ရန်လုပ်ငန်းဖြစ်သည်ကို ဒေါ်ရွှေမိုးက ဆိုလိုခြင်း ဖြစ်သည်။
ဂွေးဖောင်လုပ်ငန်းသည် မြစ်ကမ်း ချောင်းကမ်းစပ်တွင် ဂွေးကောင်များကို နေလှန်းရမည့် ကြပ်တန်းများ (ဝါးခြမ်း စင်များ)ရှိရမည်ဖြစ်ပြီး ယင်းကြပ်တန်း များနှင့် လူနေအိမ်တို့မှာ တစပ်တည်း ရှိနေရသည့် လုပ်ငန်းခွင်တစ်ခု ဖြစ်သည်။
ယခုတော့ ကမ်းသာယာကျေးရွာက ဂွေးဖောင်လုပ်ငန်းများ မှေးမှိန်ခဲ့ရသည်။

“ဖောင်တန်ကြေးတွေ နစ်နာကြေး တွေပေးမယ်လို့ပြောထားတာ အခုတော့ သတိရတော့မယ် မထင်ပါဘူး”ဟု နေ အိမ် ၈ ဆောင်ခန့်ရှိစဉ်ကတည်းက ကမ်း သာယာကျေးရွာတွင် လာရောက်အခြေချ ခဲ့သူ ဦးညွှန့်ဆန်းက ရင်ဖွင့်ခဲ့သည်။ တစ်ချိန်က ယောကြီးဝမြစ်ကို မှီခိုပြီး ဂွေးဖောင်(ဝါးဖြင့်ပြုလုပ်ပြီး ဂွေးကောင် များအား ဖမ်းဆီးသည့်ဖောင်) အရေအ တွက်မှာ ၁၀၀ ကျော်ခန့်ရှိခဲ့ရာ ယခုအချိန် တွင် ဖောင်ရေ ၃၀ ကျော်ခန့်သာရှိတော့ ကြောင်း ဦးညွှန့်ဆန်းက ဆိုသည်။
ထို့ပြင် လက်ရှိဂွေးလှန်းနေသည့် ယောကြီးဝမြစ်ကမ်းဘေးတစ်နေရာရှိ ကြပ်တန်းမှာ စီမံကိန်းလုပ်ငန်းအတွက်ဟု ဆိုကာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြို ဖျက်ခံရကြောင်း ဦးညွှန့်ဆန်းက ပြောဆို ခဲ့သည်။
ငါးပိကြိုက်သူများကတော့ ယခုကဲ့ သို့သတင်းကို ကြားချင်မည်မဟုတ်။

တောထွင်ကြီး
ကမ်းသာယာကျေးရွာနည်းတူ စီမံ ကိန်းကြီးတစ်ခု ဝင်ရောက်ဖွယ်ရှိနေသည့် နေရာမှာ ကမ်းသာယာကျေးရွာနှင့် ယော ကြီးဝမြစ်တစ်ဘက်ကမ်း မျက်စောင်းထိုး သာသာလေးရှိ ပင်လယ်ရေများ ဝန်းရံ ထားပြီး အိမ်ခြေ ၁၀၀ နီးပါးခန့်ရှိ တော ထွင်ကြီးကျေးရွာ။
ကျေးရွာပေါ်သို့ ဝင်ရောက်လာမည့် စီမံကိန်းမှာ မည်သည့်စီးပွားရေးဇုန်မှန်း အတိအကျပြောဆိုနိုင်ခြင်းမရှိဘဲ လွှတ် တော်ကိုယ်စားအချို့တို့က လွှတ်တော် မှခွင့်ယူကာ တောထွင်ကြီးကျေးရွာသား များနှင့် မေလ ၂၈ ရက်က သွားရောက် တွေ့ဆုံခဲ့ကြသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်ဌေး၏အဆိုအရ ရေလုပ်ငန်းနှင့် ဆက်စပ်နေမည့် စီမံကိန်း တစ်ခု ဖြစ်ဖွယ်ရှိနေသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးတွေ စာ သင်ကျောင်းတွေ မြစ်ကူးလမ်းတံတားတွေ ဖွံ့ဖြိုးတိုးတက်လာမည်ကို လက်ခံမည် ဖြစ်သော်လည်း မျက်စိရှေ့တွင် မြင်တွေ့ ခဲ့ရသည့် ကမ်းသာယာကျေးရွာကပေး သည့်သင်ခန်းစာမှာ တောထွင်ကြီးရွာ သားများအဖို့ ရင်ထဲကိန်းအောင်းနေကြ သည်။

အဆိုပါ ကမ်းသာယာကျေးရွာနှင့် တောထွင်ကြီးကျေးရွာတို့သည် ဂွေးဖောင် လုပ်ငန်းလုပ်ကိုင်သူတချို့မှ လုပ်ငန်း ခွင်နေရာတစ်ခုအဖြစ် အခြေချနေထိုင် လာရာမှ အိမ်ခြေများတိုးပွားလာရသည့် ကျေးရွာတို့ ဖြစ်ကြသည်။
“ဒီမှာလာနေတာ ၁၀ နှစ်ခန့်ရှိပြီ စပြီးနေတုန်းက အိမ်ခြေ ၄၀ ကျော် လောက်ပဲရှိတာ မြေက မဝယ်ရဘူး။ အိမ်ယာကွက်ငယ်တွေချပေးတယ် အဲသည်တုန်းက ငွေမပေးရဘူး”ဟု တောထွင်ကြီး ရွာက ဒေါ်ချစ်အေးက ပြောသည်။
ယင်းကဲ့သို့ အခြေအနေမျိုးတို့ဖြင့် ကမ်းသာယာနှင့် တောထွင်ကြီးကျေးရွာ တို့တွင် အိမ်ခြေများ တစ်စတစ်စတိုးပွား လာခဲ့ကြခြင်းဖြစ်သည်။ တောထွင်ကြီး ကျေးရွာတွင် စီမံကိန်းတစ်ခုဝင်ရောက်ဖွယ်ရှိသော်လည်း မည်သည့်စီမံကိန်း ဆိုသည်ကို ရွာသားများ မသိရသေး။လွှတ်တော်ကိုယ်စားလှယ်တွေကလည်း မည်သည့် စီမံကိန်းဆိုသည်ကို ပြောဆို နိုင်ခြင်း မရှိသေး။ (စီမံကိန်း)ရင်းနှီးမြု§ပ် နှံမှုများ ဝင်ရာက်လာမည်ဆိုပါက ကြို တင်ပြင်သည့်အနေဖြင့် ဒေသခံပြည်သူ များ၏ နစ်နာမှုများ မရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလှမ်းများ ရရှိစေရန်အတွက် ရွာသားများနှင့် သွား ရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ပြောပြသည်။

ကမ်းသာယာကျေးရွာတွင် စီပွား ရေးဇုန် စတင်ဝင်ရောက်စဉ်က တည် ဆောက်မည့် ဆိပ်ကမ်းဇုန်များ၊ အိမ် ယာများ၊ အပန်းဖြေဥယျာဉ်များကို မည် ကဲ့သို့ဖန်တီးမည်ကို အများကြီးချပြခဲ့ သော်လည်း စီမံကိန်းအား လက်တွေ့ အကောင်အထည်ဖော်ရာတွင် မြေယာ များကို အရောင်းအဝယ်ပြုလုပ်ပြီး အကျိုး အမြတ်ရှာသူများနှင့် ကြုံခဲ့ရကြောင်း ဦးစိုးပိုင်ဌေးက ဆိုသည်။
ယင်းအတွက်ကြောင့် စီမံကိန်းလုပ် ကိုင်သူတို့၏ ရင်းနှီးမြှုပ်နှံရန် သတ် မှတ်ထားသည့် ငွေကြေးအတိုင်းအတာ တစ်ခုမှာ မြေယာထဲတို့တွင် ဝင်ရောက်မှု များပြားခဲ့ရာ ယခင်က ချပြခဲ့သည့် လုပ် ငန်းများကို လုပ်ခွင့်မရလိုက်ခြင်း (လုပ် ငန်းနှောင့်နှေး ကြန့်ကြာမှုများဖြစ်ရခြင်း)တို့မှာ သင်ခန်းစာယူရမည်ဖြစ်ကြောင်း ဦးစိုးပိုင်ဌေးက ထောက်ပြခဲ့သည်။

ကမ်းသာယာကပေးသည့် သင်ခန်း စာကို အတုယူပြီး တောထွင်ကြီးကျေး ရွာသားများဘက်မှ မားမားမတ်မတ် ရပ်တည်ပေးမည်ဟု ဆိုရမည်လော။ သို့ သော် စီမံကိန်းအတွက် လွှတ်တော်မှ ခွင့်ယူပြီး ကျေးရွာသားများနှင့် သွား ရောက်တွေ့ဆုံခြင်းသည် ပွင့်လင်းမြင် သာမှု အားနည်းနေကြောင်း ဒေသခံနှင့် အရပ်ဘက်အဖွဲ့အစည်းတို့အကြား ဝေ ဖန်ပြောဆိုမှုများ ရှိနေခဲ့သည်။
အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်နှင့် မြေ ၂၀၀၀ ဧကဝန်းကျင်ရှိ တောထွင်ကြီး ကျေးရွာသို့ ဝင်ရောက်လာမည့် စီမံကိန်း အတွက် ရင်းနှီးမြှုပ်နှံမည့်သူမှာ ကျေး ရွာသားများ၏ ပြောပြချက်အရ ဒေသ ခံလုပ်ငန်းရှင် ဖြစ်ဖွယ်ရှိနေပေသည်။
မည်သို့ပင်ဆိုစေကာမှု ကမ်းသာ ယာကျေးရွာသားတွေ မူလနေထိုင်ရာမှ တိုက်ခန်းပေါ်သို့ ပြောင်းရွှေ့ခဲ့သလို တောထွင်ကြီးကျေးရွာသားတွေလည်း တိုက်ခန်းပေါ်သို့ ရနိုင်ဖွယ်ရှိနေသည်။

ထို့အတူပင် ဂွေးဖောင်လုပ်ငန်းခွင် များ ဘုံပျောက်ခဲ့ရသည့် ကမ်းသာယာ ကျေးရွာသားနည်းတူ တောထွင်ကြီး ကျေးရွာကရော ဘုံပျောက်ရမည့် အခြေ အနေ။ ဂွေးဖောင်လုင်ငန်းဆိုသည်မှာ နှစ်စဉ် တန်ဆောင်မုန်းလမှ ကဆုန်လ အထိ တစ်လလျှင် ၂ ဖျား၊ တစ်ဖျားတွင် ၁၅ ရက်၊ ၁၅ ရက်တွင် ၇ ရက် ၈ ရက် ခန့်သာ အလုပ်လုပ်ရသည့် ရေလုပ်ငန်း တစ်ခုဖြစ်ပေသည်။ ယင်းလုပ်ငန်းမှ ဂွေးဖောင်အရေအတွက် အနည်းအများ အလိုက် နှစ်စဉ်အများဆုံး ငွေသိန်းရာဂဏန်း အထိ ဝင်ငွေရှိပြီး မိသားစုတစ်ခုအတွက် လုံလောက်သည့် ပမာဏအတိုင်းအတာ တစ်ခုအထိ ရရှိနေသည့်လုပ်ငန်းကို လက်လွှတ်မခံချင်လို။
ယောကြီးဝမြစ်သည် ၎င်းတို့အ တွက် ငွေပဒေသာပင်။

စီမံကိန်းလုပ်ငန်းများ ဝင်ရောက် လာပါက ကျေးရွာအတွက် ဖွံ့ဖြိုးတိုးတက် လာမည်ကို လက်ခံသော်လည်း ဂွေးဖောင် (ငပိ) လုပ်ငန်းအား ထိခိုက်ရှုံးဆုံးမှုကို လိုလာမှုမရှိကြောင်း တောထွင်ကြီးကျေး ရွာသားအချို့က ဆိုကြသည်။
လက်ရှိလုပ်ကိုင်နေကြသည့် ဂွေး ဖောင်လုပ်ငန်းခွင်ပုံစံအတိုင်း သတ်မှတ် နေရာတစ်ခုခု ဒါမှမဟုတ် အခြားတစ် နေရာတို့တွင် သတ်မှတ်ပေးပြီး လုပ်ကိုင် စားသောက်ခွင့်ပေးမည်ဆိုပါက ရွာသား များအတွက် အဆင်ပြေမည်ဖြစ်ကြောင်း တောထွင်ကြီးကျေးရွာတွင် နှစ်ပေါင်း ၂၀ နီးပါးခန့် နေထိုင်ခဲ့သူ ဒေါ်ထွေးရီက ပြောပြသည်။

“စီးပွားရေးက ဘာမှမရှိဘူး ဖောင် နဲ့ တံငါလုပ်ငန်းပဲရှိတာ၊ ဖောင်မလုပ်ရရင် ဒီရွာကလူတွေ ဘာအလုပ်မှ မရှိဘူးရှင်၊ ဒီအလုပ်မရှိရင် လူတွေလည်း လျှောက် ရောက်ကုန်မယ်”ဟု ရိုးအေးဟန်ရှိသည့် တောထွင်ကြီးရွာက ဒေါ်ချစ်အေးက ပြောသည်။
စီမံကိန်းဝင်ရောက်မည်ဆိုပါက ကျေးရွာနေပြည်သူများ၏ မြေယာများ၊ လုပ်ငန်းခွင်များ ဆုံးရှုံးမှုမရှိရအောင် ဆောင်ရွက်ပေးမည်ကို လွှတ်တော်ကိုယ် စားလှယ်တို့က ပြောဆိုထားခဲ့သည်။
ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကျပ် သိန်း ၁၅၀ ဝန်းကျင်ခန့်ရှိ လုံးချင်းတိုက် ခန်းပေါ်သို့ ပြောင်းရွှေ့ခဲ့ရသည့် ကမ်း သာယာရွာကျေးရွာက ဒေါ်ရွှေမိုးကတော့ “တုတ်မှာ ပျားသုတ်ပြီး ပေးစုပ်ခံရတယ်” ဟု ဆိုသည်။
တုတ်ချောင်းတစ်ချောင်းတွင် ချို မြိန်သောပျားရည်ကို လိမ်းသုတ်ထားပြီး အ ချိန်တစ်ခဏတာအတွင်း ပျားရည်ကုန် သွားပြီး အငတ်ဘေးဆိုက်ခဲ့သည်ကို ဆို လိုခြင်း ဖြစ်ပေသည်။

အတိတ်သည် သင်ခန်းစာယူစရာ ဖြစ်ပါသည်။ ယူတတ်မှလည်း ရပါသည်။ ကမ်းသာယာကို ပျားရည်သုတ်တုတ် ချောင်းများပေးခဲ့သည့်အဖြစ်မျိုး တော ထွင်ကြီးတွင် ထပ်ဖြစ်မည်ကို မည်သူမျှ လိုလားမည်မဟုတ်ပေ။ တာဝန်ရှိသူများ၊ ကျေးရွာသူကျေးရွာသားများ၊ သက်ဆိုင် သူများ ဆင်ခြင်ဥာဏ်ကြီးစွာဖြင့် လုပ်ကိုင် ဆုံးဖြတ်ကြမည်ဟု ယုံကြည်ပါသည်။

Related Posts