စမ်းလှမ်း ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ဩဂုတ်လ စမည်

0
455

ထားဝယ်ခရိုင်အတွင်း ပထမဆုံး ဖြစ်လာမည့် စမ်းလှမ်းရွာရှိ ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း(CBT)ကို လာမည့်ဩဂုတ်လတွင် စတင်မည်ဖြစ် ကြောင်း ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရ သည်။
လောင်းလုံးမြို့နယ်အတွင်းရှိ စမ်း လှမ်းရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၁၉၀၀ ကျော်နေထိုင်ကြောင်း ဟိုတယ်/ခရီးဌာနမှတ်တမ်းများအရ သိ ရသည်။

သစ်သား၊ ယိုင်ပြား၊ ဓနိဖက်များ ဖြင့် ဒေသခံများ နေထိုင်သည့်အိမ်များ ကဲ့သို့ ဆောက်လုပ်မည်ဖြစ်ပြီး အိပ်ခန်း ၈ ခန်းနှင့် စားသောက်ခန်းများ ပါဝင် ကာ လာမည့်ဩဂုတ်လတွင် ပြီးစီးမည် ဖြစ်ကြောင်း ဟိုတယ် ^ခရီးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်နိုင်ထွေးက ဆိုသည်။
“ဆောက်လုပ်မှုပြီးပြီဆိုရင် ဧည့် သည်တွေ စပြီးလက်ခံနိုင်မှာပါ”ဟု ဦးသက်နိုင်ထွေးက ပြောသည်။
အဆောက်အအုံများကို ထားဝယ် ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်း ဝင် ခရီးသွားကုမ္ပဏီများက လှူဒါန်းခြင်း ဖြစ်ပြီး ရရှိသည့်အကျိုးအမြတ်ကို ဒေသ ခံများက ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ခရီးသွားလုပ်ငန်းအတွက် ဒေသခံ ၆ ဦးကို ဧည့်ကြိုသင်တန်း၊ အိပ် ခန်းဆောင် ထိန်းသိမ်းနည်းသင်တန်း အစရှိသည့် သင်တန်းများ ပို့ချထားပြီး ဖြစ်ကြောင်း ဦးသက်နိုင်ထွေးက ပြော သည်။
အဆိုပါ ခရီးသွားလုပ်ငန်းကို စမ်း လှမ်းရွာအပြင် မြိတ်ခရိုင်ရှိ ဒုံးညောင် မှိုင်း၊ ကော့သောင်းခရိုင်ရှိ မကြုံကလက် ရွာ အစရှိသည့် တိုင်းအတွင်းရှိ ကျေးရွာ အချို့တွင်လည်း ဆက်လုပ်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။
(CBT) ခရီးသွားလုပ်ငန်းလုပ်ဆောင် သည့်အပေါ် လက်ခံကြိုဆိုသော်လည်း ဒေသခံများ၏ အသက်မွေးမှုလုပ်ငန်း၊ သန့်ရှင်းရေးစနစ်၊ လမ်းပန်းဆက်သွယ် ရေးများကို စစ်တမ်းကောက်ပြီး လုပ် ဆောင်သင့်ကြောင်း ထားဝယ်မြို့အခြေ စိုက် Tငအညေ ခရီးသွားကုမ္ပဏီပိုင်ရှင် ဦးတင်နိုင်က ဆိုသည်။

ရပ်ရွာလူထုအခြေပြုခရီးသွားလုပ် ငန်းလုပ်ကိုင်မည့် စမ်းလှမ်းရွာမှတစ်ဆင့် တီဇစ်ရွာသို့ လမ်းလျှောက်ခရီးစဉ်၊ စမ်း လှမ်း-မြင့်မိုရ်လက်ခတ် တောင်တက် ခရီးစဉ်၊ စမ်းလှမ်း-ကျွန်းဆင်းရဲ-ပဲ့စင် ကျွန်း ပင်လယ်ပြင်ခရီးစဉ် အစရှိသည့် ခရီးစဉ်များကို လည်ပတ်နိုင်မည်ဖြစ် ကြောင်း အထက်ပါဌာနထံမှ သိရသည်။
ယင်းအပြင် အဆိုပါရွာရှိ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ငါး ခြောက်ပြုလုပ်ခြင်း၊ ကျေးရွာလူနေမှုကို လေ့လာခြင်းများလည်း ပါဝင်မည်ဖြစ် သည်။