ကော့သောင်းတွင် ဆိုင်ကယ်စီး လူငယ်ပရဟိတအဖွဲ့ ထူထောင်

0
578

ကော့သောင်းမြို့နယ်တွင် Kaw-thaung Free Rider Group ဟု အမည် ပေးထားသည် ဆိုင်ကယ်စီး လူငယ် ပရဟိတ အဖွဲ့တစ်ခုကို မေလ ၂၇ရက်က စတင်ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် အဖွဲ့ဝင် ၂၂ ဦးရှိသည့် ယင်းအဖွဲ့သည် ဆိုင်ကယ်စီး ဝါသနာ ပါသူများဖြင့် စုပေါင်းထားပြီး အပတ် စဉ် တနင်္ဂနွေနေ့တိုင်း ယာဉ်အန္တရာယ် ကင်းရှင်းရေး သရုပ်ပြသည့်အနေဖြင့် ဦးထုပ်ဆောင်းကာ ဆိုင်ကယ်စီးမည် ဖြစ်ကြောင်းဟု အဖွဲ့ခေါင်းဆောင် ကိုဖြိုးဇေယျာမြင့်က ဆိုသည်။

ထို့အပြင် စာသင်ကျောင်းများ၊ မူကြိုကျောင်းများ၊ ဘုန်းကြီးကျောင်း များနှင့် အခြားလိုအပ်သည့် နေရာများ တွင်လည်း တတ်နိုင်သလောက် လှူဒါန်း သွားမည်ဖြစ်ကြောင်း ကိုဖြိုးဇေယျာမြင့် က ပြောသည်။

အဖွဲ့ဝင်ရန်အတွက် ဆိုင်ကယ် အမျိုးအစား မသတ်မှတ်ထားဘဲ ဆိုင်ကယ် စီးမည်ဆိုပါက ဆိုင်ကယ်ဦးထုပ်ဆောင် ထားပြီး ပရဟိတစိတ်ရှိရန်သာ လိုအပ် ကြောင်း Kaw-thaung Free Rider Group ထံမှ သိရသည်။