မြို့အတွင်း မြေသယ်ယာဉ်များ အရှိန်ပြင်းစွာမောင်းနှင်မှု ထားဝယ်မြို့ ခံများ ဝေဖန်

0
522

ထားဝယ်မြို့အတွင်း မြေသယ် ယာဉ်များ အရှိန်ပြင်းစွာ စည်းပျက်မောင်း နှင်သွားနေမှုအပေါ် မြို့ခံများအကြား ဝေဖန်ပြောဆိုမှု မြင့်တက်လာသည်။
မြို့အတွင်း သွားလာနေသည့် မြေ သယ်ကားအများစုက ဟွန်းတီးကာ တရကြမ်း မောင်းနှင်မှုများရှိနေပြီး လမ်းမပေါ် သွားလာနေသူများအတွက် အန္တရာယ်ရှိလာသောကြောင့် အာဏာပိုင် များနှင့် သက်ဆိုင်ရာ ဌာနများက ကြပ်မတ်တားမြစ်သင့်ကြောင်း ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်နေ ဦးသန်းဇော်လေးက ဆိုသည်။

ထားဝယ်မြို့တွင်း လမ်းမများတွင် ၂၅ ကီလိုမီတာထက် မပိုဘဲ မောင်းနှင်ရ မည်ဟု သတ်မှတ်ထားပြီး မြို့ပြင်လမ်း အချို့တွင် ၄၀ ကီလိုမီတာနှင့် ၆၀ ကီ လိုမီတာ စသဖြင့် မောင်းနှင်ရန် သတ် မှတ်ထားသည်။
“ထိန်းသိမ်းမယ့်သူ မရှိတော့ ဖြစ် သလို မောင်းနေကြတာ၊ တော်တော် လေးကို ကြောက်စရာကောင်းတယ်”ဟု ဦးသန်းဇော်လေးက ပြောသည်။
ထားဝယ်မြို့ရှိ ဆိပ်ကမ်းသာလမ်း၊ ကမြောကင်းလမ်း အစရှိသည့် လမ်းမ များတွင် အရှိန်ပြင်းမောင်းနှင်သွားလာမှု ပိုများကြောင်း ထားဝယ်မြို့ခံအချို့က ပြောသည်။

မြေသယ်ကားအများစုက သယ် ဆောင်သည့် မြေသားအပေါ် တာလပတ် ဖုံးအုပ်မှု မရှိခြင်း၊ ကားအချို့တွင် ဘ ရိတ်မီးအချက်ပြမီး ပြည့်စုံမှုမရှိခြင်း ကြောင့် အန္တရာယ်များကြောင်း သုံးဘီး ယာဉ်မောင်း တစ်ဦးဖြစ်သည့် ဦးသန့်ဇင်အောင်က ဆိုသည်။
“အရမ်းကြမ်းတော့ လမ်းဘေးကို ရပ်ပေးလိုက်ရတာက များတယ်၊ ဝင် တိုက်ရင် ကိုယ်ပဲ ခံရမှာ စိုးလို့”ဟု ဦးသန့်ဇင်အောင်က ပြောသည်။

အမှတ်(၁၁)ယာဉ်ထိန်းရဲ ဒုတိယ တပ်ဖွဲ့ခွဲမှူး ရဲမှူးညီညီလှိုင်ကမူ စည်း ကမ်းမဲ့ မြေသယ်ယာဉ်များ အပါအဝင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက် နာသည့်ယာဉ်များကို လှည့်ကင်းများဖြင့် ဖမ်းဆီးကြပ်မတ်နေကြောင်း ပြောသည်။
“တစိုက်မတ်မတ်ပဲ ဖမ်းနေပါ တယ်၊ စစ်ဆေးတဲ့အချိန်တွေ့ရင် ဘယ် သူကိုမှ ရှောင်ပေးမှာ မဟုတ်ဘူး”ဟု ရဲမှူးညီညီလှိုင်က ပြောသည်။
ထားဝယ်မြို့အတွင်း အပါအဝင် မြို့အပြင်ဘက်တွင်လည်း မြေသယ် ယာဉ်များ အရှိန်ပြင်းစွာ မောင်းနှင်သွား လာမှုများရှိကြောင်း ပြောဆိုဝေဖန်မှုများ လည်း ရှိသည်။