မြိတ်တွင် အထပ်မြင့်မီးငြိမ်းသတ် ယာဉ်တစ်စီး ကိုယ်ထူကိုယ်ထ ဝယ်မည်

0
476

မြိတ်မြို့အတွက် လိုအပ်နေသည့် အထပ်မြင့် မီးငြိမ်းသတ်ယာဉ်တစ်စီးအား ဇွန်လအတွင်း ဝယ်ယူသွားမည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြော သည်။

မြို့အနေအထားအရ အထပ်မြင့်မီး ငြိမ်းသတ်ယာဉ်တစ်စီး လိုအပ်နေသည့် အတွက် စေတနာရှင်တစ်ဦး၏ စိုက် ထုတ်ငွေဖြင့် ဝယ်ယူမည်ဖြစ်ပြီး မီးငြိမ်း သတ်ယာဉ်ရောက်ရှိလာပါက မြို့နေလူ ထုထံမှ စေတနာအလျောက် အလှူငွေ ကောက်ခံမည်ဖြစ်ကာ ယင်းကောက်ခံရ ငွေများကို ငွေစိုက်ထုတ်ပေးသူထံ ပြန် လည်ပေးအပ်မည်ဖြစ်ကြောင်း ဦးမြတ် ကိုကိုက ပြောသည်။

ဂျပန်နိုင်ငံထုတ် ကရိန်း(လှေကား)ပါသည့် အမြင့်ဆုံး ၁၂ ထပ်အထိ မီးငြိမ်းသတ်နိုင်မည့် မီးငြိမ်းသတ်ယာဉ် တန်ဖိုးမှာ ကျပ်သိန်း ၂၅၀ မှ ၃၀၀ အကြား ကုန်ကျမည်ဟု ခန့်မှန်းထား ကြောင်း စည်ပင်ကော်မတီထံမှ သိရသည်။
“ဂျပန်ကားကို လိုချင်တဲ့ဆန္ဒရှိတယ်။ ဒီလိုလုပ်ပေးတာကို ကျေးဇူးတင်တယ်”ဟု ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ပြောသည်။
လက်ရှိဝယ်ယူမည့် မီးငြိမ်းသတ် ယာဉ်အား မီးသတ်ဦးစီးဌာနသို့ တရား ဝင်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း စည်ပင်ကော်မတီထံမှ သိရသည်။

မြိတ်ခရိုင် မီးသတ်ဦးစီးဌာနအနေ ဖြင့် အထပ်မြင့်မီးငြိမ်းသတ်ယာဉ်တစ်စီး ရရှိရေးအတွက် တနင်္သာရီတိုင်း မီးသတ် ဦးစီးဌာနမှတဆင့် သက်ဆိုင်ရာဝန်ကြီး ဌာနသို့ ယခုနှစ်ဆန်းပိုင်းက တင်ပြထား ကြောင်း ခရိုင်မီးသတ်ဌာနထံမှ သိရ သည်။
မြိတ်တွင် အမြင့်ဆုံး အထပ်မြင့် တိုက်မှာ အများဆုံး ၉ ထပ်အထိ ရှိကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။