မြိတ်တွင် ပိုက်ဆံအိတ်လုသူများ ထပ်ဖမ်းမိ

0
386

မြိတ်မြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ် လုယက်ခဲ့သည့် အမျိုး သားနှစ်ဦးအား ထပ်မံဖမ်းမိခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။
မေလ ၂၂ ရက်နေ့ နံနက်က နောက်လယ်ရပ်ကွက်တွင် လွယ်အိတ် လွယ်ပြီး အထုပ်တစ်ထုပ်ဆွဲကာ လမ်း လျှောက်ပြန်လာသူ အမျိုးသားတစ်ဦး ထံမှ လုယက်ခြင်းဖြစ်ကြောင်း မြို့မရဲစ ခန်းထံမှ သိရသည်။

လုယက် အမျိုးသားနှစ်ဦးအနက် တစ်ဦးက ဆိုင်ကယ်ရပ်ကာ အသင့် စောင့်ဆိုင်းနေပြီး တစ်ဦးက အထုပ်ဆွဲ လာသည့် အမျိုးသားကို စကားဝင်ပြော ကာ လုယူခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစ ခန်းထံမှ သိရသည်။
“သိသလိုနဲ့ ဝင်မိတ်ဆက်ပြီး လွယ် အိတ်ကိုဆွဲလုတာ တစ်ဖက်ကလည်းပြန် ဆွဲတော့ အိတ်ထဲက ထွက်ကျလာတဲ့ငွေ တွေကို ယူပြီးထွက်သွားတယ်” ဟု မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးချိုလွင်က ပြောသည်။
အဆိုပါ လမ်းလျှောက်လာသူ အမျိုး သား၏အိတ်ထဲတွင်ပါလာသည့် ငွေကျပ် ရှစ်သိန်းအနက် ကျပ်ငါးသိန်း ပါသွားခဲ့ ကြောင်း ဒုရဲမှူး ချိုလွင်က ပြောပြသည်။

လုယက်ခံရသူမှ တိုင်ကြားချက် အရ လုယက်သူ၏ ပုံပန်းသဏ္ဌာန်အား စုံစမ်းစစ်ဆေးခဲ့ရာ လုယက်တတ်သည် ဟု သတင်းထွက်ရှိနေသူဖြစ်နေသည့် အတွက် ယင်းနေ့တွင်ပင် ဖမ်းမိခဲ့ ကြောင်း မြို့မရဲစခန်းမှ သိရသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၈ ရက်က ကလွင်ကျေးရွာအုပ်စု ရေပုန်းရပ်ကွက် တွင် ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ် လု ယက်ခဲ့သူ အမျိုးသားနှစ်ဦးကို ဖမ်းမိခဲ့ ပြီး ယင်းအမျိုးသားတို့နှင့် ဆက်စပ်နေသူ အခြားအမျိုးသားသုံးဦးအား ဖော်ထုတ် ဖမ်းမိခဲ့ပြီးဖြစ်ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။

ဖမ်းမိခဲ့သည့် ပိုက်ဆံအိတ် လုယက် သူများအား မြို့မရဲစခန်တွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။