ထားဝယ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး တင်ဒါပြန်ခေါ်မည်

0
409

ထားဝယ်ခရိုင်အတွက် လျှပ်စစ် ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ယခုမေလအတွင်း တင်ဒါပြန်ခေါ်မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

လျှပ်စစ်ထုတ်လုပ်ရေးကို လုပ်ကိုင် ခွင့်ရထားသည့်အပြင် ဖြန့်ဖြူးရေးကို ယာယီလုပ်ကိုင်ခွင့်ရထားသည့် GGS ကုမ္ပဏီကို ဝေဖန်မှုများမြင့်တက်နေစဉ် ယင်းသို့ ထုတ်လုပ်၊ ဖြန့်ဖြူးရေးအတွက် တင်ဒါပြန်ခေါ်ရန် စီစဉ်လာခြင်းဖြစ် သည်။
တင်ဒါခေါ်ယူရေးကော်မတီ ဖွဲ့ စည်းခွင့်ကို ပြီးခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီးဖြစ် သည့်အတွက် ယခုလအတွင်း တင်ဒါ ခေါ်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးကြည်လှိုင် က ဆိုသည်။

ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါကို ပြီးခဲ့သည့် ဇန်နဝါရီလက ခေါ်ယူခဲ့ဖူးပြီး ဖေဖော် ဝါရီလက ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ဒါကိုဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့ ဖူးသည်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ် ဖြန့်ဖြူးရေးလုပ်နေသည့် DDဏဃ ကုမ္ပဏီ စာချုပ်သက်တမ်းပြည့်ချိန်တွင် GGS (Global Grand Services) ကုမ္ပဏီကို ဖေဖော်ဝါရီလမှ စတင်ကာ ယာယီလုပ်ကိုင်ခွင့်ပြုကြောင်း ဝန်ကြီး က ပြောဆိုခဲ့သည်။
ယင်းနောက် ထားဝယ်ခရိုင် လျှပ်စစ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးကို တစ်ခု တည်းပေါင်းကာ တင်ဒါပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးကြည်လှိုင် က ပြောသည်။

လက်ရှိတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီထွက်ပေါ်လာပါက လျှပ်စစ် ထုတ်လုပ်ရေးအတွက် GGS ကုမ္ပဏီနှင့် ချုပ်ထားသည့်စာချုပ် ပျက်ပြယ်သွား မည်ဖြစ်ကြောင်း ဦးကြည်လှိုင်က ဆို သည်။
“လက်ရှိထုတ်နေတဲ့ မဂ္ဂါဝပ်ထက် မလျော့အောင် (ထုတ်လုပ်နိုင်သူကို) ခေါ်မယ်”ဟု ဝန်ကြီးဦးကြည်လှိုင်က ပြောသည်။

လက်ရှိတွင် တင်ဒါခေါ်ယူရေး ကော်မတီကို မဖွဲ့ရသေးသည့်အတွက် တင်ဒါခေါ်ယူမည့်အချိန်နှင့် စည်းမျဉ်း စည်းကမ်းများကို အသေးစိတ် ထုတ် ပြန်ခြင်း မရှိသေးပေ။
မကြာခဏ မီးပျက်ခြင်းနှင့် မီးသုံးစွဲ သည့် ပြည်သူ များအပေါ် လေးစားစွာ ဆက်ဆံလာ စေရန် တင်ဒါအောင်မြင် သည့် လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီကို တိုင်းအစိုးရအနေဖြင့် ကြီးကြပ်ပေးရန် လိုအပ်ကြောင်း ထားဝယ်မြို့ အိုးလုပ် ရပ်ကွက်နေ ဦးသန်းဇော်လေးက ဆို သည်။
“ဖြန့်ဖြူးရေးကို ဘယ်သူပဲလုပ်လုပ် ပုံမှန်မီးလာဖို့နဲ့ ဝန်ဆောင်မှုကောင်းဖို့ပဲ လိုတယ်”ဟု ဦးသန်းဇော်လေးက ပြော သည်။

လက်ရှိအချိန်တွင် လျှပ်စစ်ဖြန့် ဖြူးရေးလုပ်ငန်းကို ယာယီလုပ်ကိုင်ခွင့် ရရှိထားသည့် GGS ကုမ္ပဏီ လုပ်ကိုင် နေသည်မှာ အချိန်သုံးလကျော်သွားပြီ ဖြစ်ပြီး ကုမ္ပဏီ၏ လျှပ်စစ်ဝန်ဆောင်မှုနှင့် ပတ်သက်၍ ပြည်သူများအကြား ဝေဖန် မှုမြင့်တက် လျက်ရှိသည်။

ထားဝယ်ခရိုင် လျှပ်စစ်နှင့်ပတ်သက်ပြီး ရက်စွဲအချို့
2၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် လျှပ်စစ်ဖြန့်ဖြူးရေးလုပ်နေသည့် DDဏဃ
ကုမ္ပဏီ လုပ်ခွင့်သက်တမ်း ၆ လပြည့်

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃ ရက် လျှပ်စစ်ဖြန့်ဖြူးရေး တင်ဒါစခေါ်
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် တိုင်းအစိုးရက ဖြန့်ဝေသည့်စာတွင်
ဖြန့်ဖြူးရေးကို GGS ကုမ္ပဏီအား
တာဝန်လွှဲအပ်ကြောင်းဖော်ပြ

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် တင်ဒါခေါ်ယူရေး ဆိုင်းငံ့ရန်အစိုးရ
အဖွဲ့က ဆုံးဖြတ်