မဲဆွယ်အပြုံး သရော်စာအမှု တရားလို ပြောင်းမည်

0
367

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုထားသော တနင်္သာရီ အပတ်စဉ်ပါ မဲဆွယ်အပြုံး သရော်စာအမှု တရားလိုဖြစ်သည့် ဦးအေးလူ၏ တာဝန် အပြောင်းအရွှေ့ကြောင့် အမှု၏တရားလို အပြောင်းအလဲဖြစ်မည်ဟု တိုင်းအစိုးရ အဖွဲ့ရုံးထံမှ သိရသည်။
မေလ ဒုတိယအပတ်အတွင်း နေပြည်တော်ရှိ ခရိုင်တစ်ခုသို့ ပြောင်း ရွှေ့ တာဝန်ထမ်းဆောင်ရမည်ဖြစ်သော ကြောင့် အမှုတွင် တရားလိုအဖြစ် မည်သူ ဆက်လက်လိုက်ပါမည်ကိုမူ လက်ရှိ အချိန်အထိ မသိသေးကြောင်း တိုင်းအစိုးရ အဖွဲ့ရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးလူက ပြောသည်။

“ဘယ်သူ့ကို တာဝန်ပေးမလဲပေါ့၊ အစိုးရအဖွဲ့က တာဝန်ပေးတဲ့သူပေါ့”ဟု ဦးအေးလူက ဆိုသည်။
ဒုတိယ ညွှန်ကြားရေးမှူး ဦးအေး လူသည် တနင်္သာရီအပတ်စဉ်တွင် ဖော် ပြပါရှိသော မဲဆွယ်အပြုံး သရော်စာပါ ဖော်ပြချက်များသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက် သည်ဟုဆိုကာ အရေးယူပေးရန် တိုင်း အစိုးရအဖွဲ့ကိုယ်စား တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ပြီး အမှု၏တရားလိုအဖြစ် တောက်လျှောက် လိုက်ပါဆောင်ရွက် ခဲ့သူ ဖြစ်သည်။

တရားလို အပြောင်းအလဲအတွက် မေလ ၇ ရက်အထိ တရားရုံးသို့ တရား ဝင်တင်ပြလာခြင်း မရှိသေးကြောင်း ထားဝယ်မြို့နယ်တရားသူကြီး ဦးကျော်မြင့် က ပြောသည်။
“(တရားလို ပြောင်းလဲမယ်ဆိုရင်) လိုက်ပါဆောင်ရွက်တဲ့သူတွေက ဥပဒေ နဲ့အညီ တရားရုံးကို တင်ပြလျှောက်ထား ရမှာပါ”ဟု ထားဝယ်မြို့နယ် တရား သူကြီး ဦးကျော်မြင့်က ပြောသည်။

အမှု၏ တရားလိုပြ သက်သေ ဒေါ်အေးအေးမိုးအား မေလ ၇ ရက် ရုံးချိန်းတွင် အပြီးသတ်စစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းအား မေလ ၂၁ ရက်သို့ ချိန်းဆိုကာ ယင်းရုံးချိန်းတွင် တရားလို ပြသက်သေ နောက်တစ်ဦးအား စစ်ဆေး မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် တရား ရုံမှ သိရသည်။

လက်ရှိတွင် တနင်္သာရီအပတ်စဉ် ဘက်မှ သက်သေ ၉ ခုတင်သွင်းထားပြီး ဖြစ်ကြောင်း တနင်္သာရီအပတ်စဉ်ဘက်မှ လိုက်ပါဆောင်ရွက်နေသော အထက် တန်းရှေ့နေ ဒေါ်အေးမွန်သူက ဆိုသည်။