ဆိုလာနှင့် ဒီဇယ်ပေါင်းစပ်စနစ်ဖြင့် အောက်ကျောက်ဝပ်ရွာကို လျှပ်စစ်မီးပေးမည်

0
410

ထားဝယ်ခရိုင်အတွင်း ပထမဆုံး အဖြစ် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ ပြားနှင့် ဒီဇယ်မီးစက်တို့ ပေါင်းစပ် ထားသည့် စနစ်ဖြင့် လောင်းလုံးမြို့နယ်၊ အောက် ကျောက်ဝပ်ကျေးရွာကို လျှပ် စစ်မီးဖြန့်ဖြူး မည်ဖြစ်ကြောင်း ထားဝယ် အင်အားစု ကုမ္ပဏီ ဒါရိုက်တာက ပြော သည်။
နေ့ဘက် နေရောင်ခြည်ရရှိသည့် အချိန်တွင် ဆိုလာဖြင့် လျှပ်စစ်ထုတ်မည် ဖြစ်ပြီး နေရောင်ခြည်မရှိသည့် ညနေ လေးနာရီမှ ညခုနှစ်နာရီခန့်အထိ ဘက်ထရီဖြင့် ထုတ်လုပ်မည်ဖြစ်ကာ ဘက်ထရီ အားကုန်ပါက ဒီဇယ်စက်ဖြင့် မီးပေးမည့်စနစ် ဖြစ်သည်။

နေရောင်ခြည်စွမ်းအင်သုံးဆိုလာ ပြားမှ လျှပ်စစ်ကီလိုဝပ် ၆၀ ထုတ်လုပ် နိုင်မည်ဖြစ်ပြီး လောင်းလုံးမြို့နယ်၊ အောက် ကျောက်ဝပ်ကျေးရွာရှိ အိမ်ခြေ ၂၀၀ ခန့်ကို လျှပ်စစ်ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ထားဝယ်အင်အားစုကုမ္ပဏီ ဒါရိုက်တာ ဦးဝင်းနိုင်က ဆိုသည်။
“ထားဝယ်ခရိုင်ထဲမှာတော့ ပထမ ဆုံးပဲ၊ နောက်ပိုင်း ပတ်ဝန်းကျင်ရွာတွေက တောင်းဆိုရင် ထပ်ချဲ့ပြီး ထုတ်သွားဖို့ ရှိတယ်”ဟု ၎င်းက ပြောသည်။

လောင်းလုံးမြို့နယ် အောက် ကျောက် ဝပ်ရွာရှိ မြေ ၂ ဧကပေါ်တွင် တည်ဆောက် မည်ဖြစ်ပြီး ဂျာမဏီနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ထုတ် ဆိုလာပြား ၂၀၀ ခန့်နှင့် ဒီဇယ်မီးစက်တို့ ပေါင်းစပ်ကာ ထုတ် လုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် တိုင်းအစိုးရထံမှ ခွင့်ပြုချက်ရရှိထားပြီး လာမည့်ပွင့်လင်း ရာသီအမီ တည်ဆောက်ပြီးစီးမည်ဟု ဦးဝင်းနိုင်က ဆိုသည်။

ဆိုလာနှင့် ဒီဇယ်မီးစက်တို့ ပေါင်း စပ်ထုတ်လုပ်ပါက စက်ရုံထွက်ဈေးအဖြစ် တစ်ယူနစ်လျှင် ကျပ် ၃၀၀ နှုန်းဖြင့် မီးလင်းရေး ကော်မတီထံ ရောင်းချမည် ဖြစ်ပြီး ကျေးရွာမီးလင်းရေးကော်မတီက တစ်ယူနစ်လျှင် ကျပ် ၃၅၀ ဖြင့် ရောင်းချ မည် ဖြစ်သည်။
လက်ရှိတွင် လျှပ်စစ်တစ်ယူနစ် လျှင် ကျပ် ၇၀၀ခန့်ဖြင့် သုံးစွဲနေရပြီး လျှပ်စစ် တစ်ယူနစ်ဈေးနှုန်း ထက်ဝက် ခန့်ကျ ဆင်းလာမည့်အပေါ် ကြိုဆို ကြောင်း ညောပြင်ကျေးရွာအုပ်စု (အောက် ကျောက် ဝပ်ရွာ အပါအဝင်) အုပ်ချုပ် ရေးမှူး ဦးဝင်းအောင်က ဆိုသည်။

ကျေးရွာဖွံ့ဖြိုးရေးအတွက် လုပ် ဆောင်ခြင်းဖြစ်သည့်အတွက် ရွာခံများ က လိုလားမှုရှိကြောင်း အောက်ကျောက် ဝပ်ရွာတွင် နေထိုင်သူ ဦးနိုင်ဌေးက ပြော သည်။
ဆိုလာအပြင် နောက်ပိုင်းတွင် လေစွမ်းအင်ဖြင့်ပါ လျှပ်စစ်ထုတ်လုပ်ရန် တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက် ထားပြီးဖြစ်ကြောင်း ထားဝယ်အင်အားစု ကုမ္ပဏီထံမှ သိရသည်။