ရှေးဟောင်းပစ္စည်းများ ရှာဖွေစုဆောင်းရေး ကော်မတီဖွဲ့ရန် စီစဉ်

0
481

မြိတ်ခရိုင်အတွင်း ရှေးဟောင်းမြို့ တစ်မြို့ဖြစ်သည့် တနင်္သာရီမြို့နယ်၏ ရှေးဟောင်း ယဉ်ကျေးမှုပြတိုက်တွင် ရှေးဟောင်းပစ္စည်းများ စုံလင်စွာ ပြသ နိုင်ရန်အတွက် ရှေးဟောင်းပစ္စည်းများ ရှာဖွေ စုဆောင်းရေးကော်မတီဖွဲ့ရန် စာပေနှင့်ယဉ်ကျေးမှုအမွေအနှစ် ထိန်း သိမ်းမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။
လက်ရှိတွင် ရှေးဟောင်း လူ့အသုံး ဆောင်နှင့် ရှေးဟောင်းပစ္စည်း တချို့ အား တစ်နိုင်တစ်ပိုင် ရှာဖွေစုဆောင်းထား ကြောင်း ဦးသန်းစိုးဝင်းက ဆိုသည်။

“ရှေးဟောင်းပစ္စည်းတွေကို ထပ်စု ရဦးမယ်၊ နည်းနေသေးတယ်”ဟု ၎င်းက ပြောသည်။
ကော်မတီကို မေလအစတွင် ဖွဲ့နိုင် ရန် လျာထားကြောင်း သိရသည်။
အလျားပေ ၅၀ ၊ အကျယ် ပေ ၃၀ နှင့် အမြင့် ၁၅ ပေရှိ ကွန်ကရစ် တစ်ထပ် ပြတိုက်အဆောက်အအုံအား ပြီးခဲ့သည့် နှစ် မေလအတွင်းက စတင်ဆောက်လုပ်ခဲ့ ပြီး လက်ရှိတွင် ၇၅ ရာခိုင်နှုန်းခန့်ပြီးစီး နေပြီဖြစ်ကာ ပြတိုက်ပြီးစီးဖွင့်လှစ်မည့် အချိန်ကို မခန့်မှန်းနိုင်သေးကြောင်း ဦးသန်းစိုးဝင်းက ပြောသည်။

အဆိုပါပြတိုက်အား အလှူရှင်များ ၏ လှူဒါန်းငွေများဖြင့် ဆောက်လုပ်နေ ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ကျပ် ၂၇၀ သိန်း ကုန်ကျခံ သုံးစွဲထားရကြောင်း ပြတိုက်တည်ဆောက်ရေးကော်မတီထံမှ သိရသည်။
တနင်္သာရီတိုင်းအစိုးရအဖွဲ့က တနင်္သာရီမြို့အား ရှေးဟောင်းဇုန်နှင့် ကာကွယ်ထိန်းသိမ်းဇုန်အဖြစ် ဇန်နဝါရီ လ ၁၁ ရက်က သတ်မှတ်ထားသည်။