အလှူတွင် ရဲဒင်း၊ ဓား၊ တုတ်များဖြင့် လိုက်ခုတ်သူများကို တစ်သက်တစ်ကျွန်းအထိ ထောင်ကျနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

0
514

ထားဝယ်မြို့ ပုံကျွန်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအလှူတွင် ရဲဒင်း၊ ဓား၊ တုတ်များဖြင့် လိုက်လံထိုးခုတ်သူများကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့် ပုဒ်မများဖြင့် အမှုဖွင့် ထားကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

ကြခတ်ပင်ကျောင်းရှိ သိမ် ရေစက် ချ အလှူပွဲခင်းအတွင်း မတ်လ ၃၁ ရက် ညက ရဲဒင်း၊ ဓားတို့ဖြင့် ဝင်ခုတ်ရာမှ ဦးခေါင်းနှင့် လက်တွင် ပြတ်ရှဒဏ်ရာ ရသူ နှစ်ဦးကို ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ပို့ကုသရပြီး နောက်ထပ်နှစ်ဦး ကို ပြင်ပလူနာအဖြစ် တင်ပို့ခဲ့ရကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။
ရဲဒင်း၊ ဓား၊ တုတ်များဖြင့် လိုက် လံထိုးခုတ်သူ ၁၃ ဦးကို ဖမ်းမိထားပြီး ဘေးဖြစ်စေတတ်သည့် လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု (ရာဇသတ် ကြီးပုဒ်မ-၃၂၆) အပါအဝင် ပုဒ်မ ၃ ခု တို့ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ဖြစ်စဉ်တွင် ပါဝင်သူများကို တရား စွဲတင်သွားမည်ဖြစ်ပြီး တရားရုံးက ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက ဆိုသည်။”အကုန်လုံးကို စွဲတင်ဖို့လုပ်နေ တယ်၊ လောလောဆယ်တော့ စစ်နေတုန်း ပဲ” ဟု ရဲမှူးကြီးနေမျိုးက ဧပြီလ ၁၉ ရက်တွင် ပြောသည်။
ရာဇသတ်ကြီးပုဒ်မ- ၃၂၆ (ဘေး ဖြစ်စေတတ်သည့် လက်နက်ဖြင့် အပြင်း အထန်နာကျင်စေမှု) အရ ပြစ်မှုထင်ရှား ပါက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်ပါ ချမှတ်နိုင် သည်။

ယင်းညတွင်ပင် DDPC ဈေးဝယ် စင်တာအနီးတွင်လည်း မီးသတ်တပ် ကြပ်တစ်ဦးကို တုတ်၊ ဓားများဖြင့် ဝိုင်း ရိုက်ကြသဖြင့် ဦးခေါင်းအပါအဝင် ခန္ဓာ ကိုယ်တွင် ဒဏ်ရာများရရှိကာ ထားဝယ် ဆေးရုံကို တင်ပို့လိုက်ရကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်များဖြစ်ပွားပြီး နောက် ၁၅ နှစ်အရွယ် နောက်ထပ် လူငယ်တစ်ဦးလည်း လူငယ်တစ်စုက တုတ်၊ ဓားများဖြင့် ဝိုင်းခုတ်ကြသည့် အတွက် ဒဏ်ရာရာရှိခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။

မတ်လ ၃၁ ရက် ည ၉နာရီခွဲခန့်တွင် ဖုန်းသတင်းရသည့်အတွက် လူနာသွား သယ်ရာ ဘုန်းကြီးကျောင်းတွင် လူ ၄ ဦး ထိုးခုတ်ခံရ ပြီး ၎င်းတို့အနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။ယင်းနောက် လျှပ်စစ်ရုံးရှေ့တွင် ၁ ဦးနှင့် ပေ ၆၀၀ ခန့်အကွာရှိ ညောင် ပင်ကြီးလမ်းဆုံတွင် လမ်းလျှောက်လာသူ သုံးဦး ဆက်တိုက် တိုက်ခိုက်ခံရကြောင်း ဇမ္ဗူသီရိအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

” ခံရသူတွေ အများစုက ဦးခေါင်း၊ လက်၊ ခြေတွေမှာ ဓား ရဲဒင်းနဲ့ ခုတ်တဲ့ ပြတ်ရှဒဏ်ရာတွေများတယ်” ဟု အဆို ပါ တာဝန်ရှိသူက ပြောသည်။
အထက်ပါဖြစ်စဉ်များကို ဘုန်းကြီး ကျောင်းတွင် ကျူးလွန်သည့် အဖွဲ့က ကျူးလွန်ခြင်းဟုတ်^မဟုတ်ကိုမူ ရှင်း လင်းစွာ မသိရသေးပေ။

ဧပြီလ ၁ ရက် ညနေပိုင်းက ထုတ် ပြန်သည့် ရဲစခန်းမှတ်တမ်းတွင် ဘုန်း ကြီးကျောင်းအလှူပွဲတွင် ဖြစ်ပွားသည့် ဖြစ်စဉ်၊ DDPC အနီး ဖြစ်စဉ်နှင့် အသက် ၁၅ နှစ်အရွယ် လူငယ်တို့ ထိုးခုတ်ခံရသည့် ဖြစ်စဉ်ကိုသာ ဖော်ပြ ထားပြီး အခြားနေရာများတွင် ထိုးခုတ် သည့်ဖြစ်စဉ်များ ဖော်ပြထားခြင်းမရှိပေ။
ဆိုးသွမ်းလူငယ်များကို စံပြအနေ ဖြင့် ကိုင်တွယ်သင့်ပြီး လက်ရှိကျူးလွန် သည့်အမှုတွင် အမှန်တစ်ကယ် ခေါင်း ဆောင်ဖြစ်သူကို ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ထားဝယ်မြို့ ကညုံရပ်ကွက်နေ အသက် ၄၀ နှစ် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“ခေါင်းဆောင်လုပ်သူက လွတ် သွားပြီး မလည်မဝယ်နဲ့ ပါတဲ့လူငယ်တွေ ကိုတော့ ပြစ်ဒဏ် ကြီးကြီးမားမားခံရမှာ ကို စိုးရိမ်မိတယ်၊ ဒီအမှုကို ပြည်သူတွေ ကတော့ စောင့်ကြည့်နေကြတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။မတ်လ ၃၁ ရက်ညက ရဲဒင်း၊ ဓား၊ တုတ်များဖြင့် တိုက်ခိုက်မှုကြောင့် စုစု ပေါင်း ၉ ဦးဒဏ်ရာရရှိခဲ့ပြီး ၆ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ထံမှ သိရသည်။

ရဲဒင်း၊ ဓား၊ တုတ်များဖြင့် ထိုး ခုတ်ခဲ့သည့် အသက် ၁၆ နှစ်အရွယ်မှ ၂၃ နှစ်အရွယ်ရှိ အမျိုးသား ၉ ဦးကို (ပ) ၆၅၅^၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၂၆^၃၂၄^၁၁၄တို့ဖြင့် ထားဝယ် မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထား ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၂၄ (ဘေးဖြစ် စေတတ်သည့်လက်နက်ဖြင့် နာကျင် စေမှု) ကိုကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ် နိုင်ပြီး ရာဇသတ်ကြီးပုဒ်မ ၁၁၄ (ပြစ်မှု ကျူးလွန်ရာတွင် အားပေးကူညီမှု) ကို ကျူးလွန်ပါက ပြစ်မှုကျူးလွန်သူကဲ့သို့ ပင် ချမှတ်ခံရမည်ဖြစ်သည်။