ထားဝယ်- ထီးခီးလမ်း အဆင့်မြှင့်မည့် ချေးငွေယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြုဆုံးဖြတ်

0
452

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံသို့ ဆက်သွယ်ထားသည့် ထားဝယ်-ထီးခီး- ကန်ချနာဘူရီလမ်းအဆင့်မြှင့်ရန်ရေး ချေးငွေရယူရန် မတ်လ ၂၆ ရက်က ကျင်းပသည့် ပြည် ထောင်စုလွှတ်တော်တွင် မဲခွဲကာ အတည် ပြုဆုံးဖြတ်လိုက်သည်။
လမ်းအရှည် ၉၇ မိုင်ခန့်ရှိသည့် အဆိုပါလမ်းကို အဆင့်မြှင့်ရန်အတွက် ထိုင်းနိုင်ငံ (NEDA) ထံမှ ချေးငွေ ဘတ်သန်း ၄၅၀၀ ရယူရန် မဲခွဲဆုံး ဖြတ်ခြင်းဖြစ်ပြီး ထောက်ခံမဲ ၃၇၄ ၊ ကန့်ကွက်မဲ ၂၁၀ ၊ ကြားနေမဲ ၆ မဲ တို့ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါလမ်းကို အီတာလျံ-ထိုင်း ကုမ္ပဏီက မြေသားလမ်း ဖောက်လုပ် ထားပြီး လက်ရှိတွင် ပြုပြင်မွမ်းမံမှု အား နည်းသည့်အတွက် သွားလာရေးခက်ခဲ နေမှုများရှိသည်။
ချေးငွေရယူရန်အတွက် လုပ်ငန်းစဉ်တစ်ခုပြီးမြောက်ပြီဖြစ်သည့်အတွက် လမ်းအဆင့်မြှင့်မည့်လုပ်ငန်းကို လပိုင်း အတွင်း စတင်နိုင်မည်ဖြစ်ပြီး တည် ဆောက်ရေးကာလကို လပေါင်း ၃၀ အ ပြီးလုပ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

“အတိုင်းမသိ ဝမ်းသာတာပေါ့၊ စီးပွားရေးဇုန်နဲ့ အိမ်နီးချင်းတိုးတက်ပြီး တဲ့ နိုင်ငံတွေနဲ့လည်း ချိတ်ဆက်တဲ့ လမ်းကြီးဆိုတော့ နိုင်ငံအတွက် အများ ကြီး အကျိုးရှိမယ့် လမ်းတစ်လမ်းပေါ့”ဟု ဦးဖြိုးဝင်းထွန်းက ပြောသည်။
လမ်း အဆင့်မြှင့်မည့်ကုမ္ပဏီကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ဒါ ခေါ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါလမ်းကို အဆင့်မြှင့်မည်ဆို က ထားဝယ်ဒေသတွင် ကုန်သွယ်ရေး လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများ တိုး တက်လာမည်ဟု မျှော်လင့်ကြောင်း ထား ဝယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦးကျော်ကျော်ဦးက ပြောသည်။

“ဒီလမ်းက အဆင့်မြှင့်ဖို့ လိုအပ် တယ်၊ ဒီလမ်းကောင်းလာမှ ဒေသလည်း တိုးတက်လာနိုင်တယ်” ဟု ဦးကျော်ကျော်ဦး က ဆိုသည်။
ယင်းချေးငွေကို နှစ် ၃၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး ပထမ ၁၀ နှစ်တွင် အတိုးမဲ့ဖြစ်ကာ ကျန်သည့် နှစ် ၂၀ တွင် ၀.၁ ရာခိုင်နှုန်းအတိုးဖြင့် ပေးဆောင်ရ မည်ဖြစ်သည်။
ယခင် အစိုးရလက်ထက်ကတည်း က ချေးငွေရယူရန်မူအားဖြင့် သဘောတူ ထားခဲ့သော်လည်း အစိုးရအကူး အပြောင်းကြောင့် အချိန်ကြန့်ကြာနေခဲ့ သည်။
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်သွယ်ထားသည့် ထီးခီးလမ်းကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေသကဲ့သို့ သရက်ချောင်း ငါးလေလံဈေး အကောင် အထည်ဖော်မည့် နေရာအနီးရှိ စုံစင် ဖျား-ထီးခီးလမ်းကိုလည်း ဖောက်လုပ် ရန် ကြိုးပမ်းနေသည်။