JICA ချေးငွေဖြင့် လယ်ယာသုံး စက်ပစ္စည်း ဝယ်သူနည်းပါး

0
466

တနင်္သာရီတိုင်းအတွင်း ဂျပန်အ ပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA )ချေးငွေဖြင့် လယ် ယာသုံးစက်ပစ္စည်း ဝယ်ယူသူနည်းပါး နေသေးကြောင်း မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ် တိုင်းဒေသကြီးရုံးထံမှ သိ ရသည်။
အဆိုပါ ချေးငွေသည် ငွေကျပ် သိန်း၅၀၀ အထိ ချေးနိုင်ပြီး ချေးယူမည့် ငွေပမာဏ၏ ၈၀ ရာခိုင်နှုန်းကို လယ် ယာသုံးစက်ကိရိယာ ဝယ်ယူရမည့် ချေး ငွေဖြစ်သည်။

ကျန် ၂၀ ရာခိုင်နှုန်းကို လုပ်ငန်း လည်ပတ်ငွေအဖြစ် မြန်မာ့စီးပွားရေး ဘဏ်တွင် ဝယ်ယူသည့် လယ်သမား အမည်ဖြင့် စာရင်းရှင်(Current Account) ဖွင့်ထားပေးမည်ဖြစ်သည်။
ငွေသားကို လယ်သမားများ၏ လက်ဝယ်သို့ ပေးအပ်ခြင်းမျိုး မဟုတ် ဘဲ ချေးငွေလျှောက်ထားသည့် လယ် သမားများ လိုအပ်သည့် စက် ပစ္စည်းကို အရောင်းကုမ္ပဏီထံ ဘဏ်က ငွေချေ ပေးသည့်စနစ်ဖြင့် ချေးခြင်း ဖြစ်သည်။
၎င်းအပြင် ချေးယူသည့် ငွေပမာဏ ၏ သုံးဆယ်ရာခိုင်နှုန်းကို စုဆောင်း ငွေအဖြစ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တွင် စုဆောင်းထားရမည်ဖြစ်သည်။

ဥပမာ – ကျပ်သိန်းတစ်ရာတန် စက်ပစ္စည်းကို ဝယ်ယူမည်ဆိုပါက ကျပ် သိန်းသုံးဆယ်ကို မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်တွင် ကြိုတင်စုဆောင်းထား ရမည်။
ယင်းချေးငွေဖြင့် လယ်ယာသုံးစက် ပစ္စည်းများ စတင်ဝယ်ယူခွင့်ပြုလိုက် သည့် ယမန်နှစ် အောက်တိုဘာလမှ ယ ခုနှစ် မတ်လ ၂၁ ရက်အထိ ငါးလကျော် အတွင်း တိုင်းတစ်ခုလုံးတွင် ဝယ်ယူသူ နှင့်ဝယ်ယူရန် တင်ပြထားဆဲ နှစ်ဦးသာ ရှိကြောင်း အထက်ပါရုံးတိုင်းဒေသကြီး မန်နေဂျာ (တာဝန်ခံ) ဒေါ်လဲ့လဲ့သန်းဌေး က ပြောသည်။
“စုဆောင်းငွေ သုံးဆယ်ရာခိုင်နှုန်း ဆိုတဲ့အပေါ်မှာ ငွေကြေးရင်းနှီးရမှာဆို တော့ ချေးတဲ့သူတွေ နည်းနေသေးတယ် လို့ ထင်တယ်”ဟု ဒေါ်လဲ့လဲ့သန်းဌေး က ဆိုသည်။

JICA ချေးငွေဖြင့် လယ်ယာသုံး စက်ပစ္စည်းဝယ်ယူလိုပါက စက်ပစ္စည်း တန်ဖိုးနှင့်ညီမျှသည့် အိမ်၊ ခြံစသည့် ပိုင်ဆိုင်မှုများကို တင်ပြရမည်ဖြစ်ပြီး ချေးငွေပြန်ဆပ်နိုင်ကြောင်း အာမခံပေး မည့်သူနှစ်ဦးက လက်မှတ်ထိုးပေးရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ပစ္စည်းဝယ်ယူမည့်ပုံစံကို လယ်သ မားအချို့က သေချာစွာ နားလည်သ ဘောပေါက်မှု မရှိသည့်အပြင် ဝယ်ယူ မည့်ပစ္စည်းပမာဏ၏ သုံးဆယ်ရာခိုင် နှုန်းကို စုဆောင်းထားရမည်ဆိုသည့် အပေါ် ဝန်လေးမှုများရှိနေကြသည်ဟု ထားဝယ်ခရိုင်အတွင်းရှိ လယ်သမားအ ချို့က ဆိုသည်။

“စုငွေထည့်ပြီး ချေးရမှာကို ဝန် လေးနေသလို ဖြစ်နေတယ်။ ဆင့်ကဲဆင့် ကဲတင်ပြပြီး လုပ်နေတာကို လယ်သမား တွေက မလိုချင်ကြဘူး”ဟု ထားဝယ် မြို့နယ် ကျောက်ရပ်ကျေးရွာရှိ လယ် ဆယ်ဧကနီးပါးပိုင်ရှင် ဦးအောင်သန်းက ဆိုသည်။
မြေပြင်အခြေအနေတွင် လယ်ယာ သုံးစက်ပစ္စည်းပိုင်ဆိုင်သည့် လယ်သ မားများမှာ အများစုဖြစ်နေပြီဖြစ်သော ကြောင့် မိုးစပါးချေးငွေထုတ်ချေးသည့် ပုံစံအတိုင်း လုပ်ငန်းလှည့်ပတ်ငွေ ထုတ် ချေးက ပိုအဆင်ပြေနိုင်ကြောင်း လောင်း လုံးမြို့နယ် ရေဖြူကျေးရွာမှ လယ်သမား ဦးမောင်ဝင်းကဆိုသည်။

ချေးငွေ၏ အတိုးနှုန်းမှာ တစ်နှစ် လျှင် ရှစ်ရာခိုင်နှုန်းကျသင့်မည်ဖြစ် ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တိုင်းဒေသကြီးရုံးထံမှ သိရသည်။