ခြေလေးချောင်းတော်လှန်ရေး (၂၁)

548
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ယခင်အပတ်မှ အဆက်

တိရစ္ဆာန်တို့မှာ အနိုင်ရလိုက်သည် ကားမှန်ပါ၏။ သို့ရာတွင် ဒဏ်ရာ အနာတရနှင့် ခြေမသယ်နိုင် လက်မ သယ်နိုင်ဖြစ်၍ နေကြသည်။ ဤနည်း ဖြင့် ထော့နဲ့ထော့နဲ့နှင့် ပြန်လာကြ ပြီးလျှင် တိုက်ပွဲ၌ကျဆုံးသော မိမိတို့ ၏ရဲဘော်များ မြေကြီးပေါ်တွင် တုံးလုံး ပက်လက်လဲသေနေသည်ကို မြင်ရသော အခါ အချို့တိရစ္ဆာန်များမှာ မျက်ရည် မဆည်နိုင်လောက်အောင် ရှိကြသည်။ ဓါတ်မီးစက်နေရာသို့ ရောက်ကြသော အခါ ဝမ်းနည်းပက်လက်ဖြစ်ကာ တခ ဏတာမျှ စကားမပြောနိုင်ဘဲ ရှိကြသည်။ ဓါတ်မီးစက်မှာ မြေပေါ်က အဆောက် အဦးသာ ပျက်သွားသည်မဟုတ်။ အုတ် မြစ် အခြေတောင်ပင် အနည်းပင် ချွတ် ယွင်းသွားသည်။ သည်တခါ ဓါတ်မီး စက်ကို ပြန်တည်ရမည် ဆိုသော် မလွယ် တော့ချေ။ ကျောက်တုံးများရဘို့လည်း ခက်ပြီ။ အဆောက်အဦတွင်းက ကျောက် တုံးများလည်း ဒိုင်းနမိုင်းဒဏ်ကြောင့် အဝေးအလံသို့ လွင့်စင်၍ သွားကုန်ပြီ။ ဓါတ်မီးစက်ကြီး တခုလုံးမှာ နေရာမျှသာ ကျန်တော့သည်။

ထိုအခိုက်တွင် သံကြောင်မှာ တနေ ရာမှ ရုတ်တရက်ထွက်ပေါ်လာပြီးလျှင် ဝမ်းသာရွှင်လန်းသော မျက်နှာဖြင့် အမြီး ကို ဟိုဖက်သည်ဖက်ဝင့်၍ တိရစ္ဆာန်များရှိ ရာသို့ လာသည်။ ထိုနောက် ဝက်တို့စံရာ အိမ်ဘက်ဆီမှ သေနတ်ဖေါက်သံကြားကြ ရသည်။
ထိုအခါ ဂျိုကားက”ဒီအသံက ဘာသံလဲ” ဟု မေးသည်။ သံကြောင်က “ဒို့အောင်ပွဲကျင်းပတဲ့ အသံပေါ့ဟ”ပြော သည်။

ဂျိုကားမှာ ခြေထောက်မှ သွေးများ ထွက်လျက်ရှိပြီးလျှင် သူ့အသားထဲ၌ ကျည်ဆံများဝင်၍ နေသည့်အတွက်က လည်း မချိမဆံ့ခံ၍ နေရသည်။ ထိုသို့ ဝေဒနာ ခံစားနေရရာမှ “ဘာကို အောင် လို့ ဘာအောင်ပွဲကျင်းပရမှာလဲ”ဟု သံကြောင်ကို မေးသည်။ သံကြောင်က “အခု ဒို့ခြေလေးချောင်း ကွင်းက ရန်သူ တွေပြေးကြရပြီ မဟုတ်လားဟ ဂျိုကား ရ။ တာဟာ ဒို့အောင်တာပေါ့”ဟု ပြော သည်။
ထိုအခါ ဂျိုကားက ” အောင်တာ တော့လဲ ဟုတ်ပါရဲ့ဟာ။ တာပေမဲ့ ဒို့ ဓါတ်မီးစက်ကြီးမှ မရှိတော့ဘဲနဲ့”ဟု ထပ်၍ပြောသည်။

သံကြောင်က”တာက အရေးမကြီး ပါဘူးဟာ။ ဓါတ်မီးစက်ပျက်တဲ့အတွက် ကတော့ နောက်ထပ်တခု မကပါဘူး။ ခြောက်ခုလောက် ထပ်တယ်ချင်လဲတယ် နိုင်တာပါတဲ။ အရေးကြီးတာက ဒို့ခြေ လေးချောင်းကွင်း ရန်သူ့လက်ကွင်းက လွတ်သွားတာက အရေးကြီးပါတယ်။ တာဟာ ရဲဘော် ဗန္ဓုလရဲ့ ခေါင်းဆောင်မှု ကောင်းလို့ပေါ့ဟ”ဟု ပြောသည်။ ဂျို ကားက တဖန်”တာဖြင့် ဒို့ကွင်းကို အခု ဒို့ပြန်ရပြီပေါ့”ဟု ဆိုသည်။
သံကြောင်က “တာပေါ့ဟ။ တာ ကြောင့် ငါက ဒို့အောင်ပြီလို့ပြောတာ ပေါ့” ဟုပြောသည်။
ဂျိုကားသည် ဓါတ်မီးစက်ကြီးကို အုတ်မြစ်ကစ၍ တဖန်ပြန်တည်ရမည့် တာဝန်ကြီးကို တွေးမိသဖြင့် ရင်လေး မိသည်။ ထို့နောက် သူ့အသက်မှာလည်း ၁၁နှစ်ရှိနေပြီဖြစ်သဖြင့် ယခင်ကကဲ့သို့ အင်အားမကောင်းတော့ကြောင်းကို တွေး မိပြီး စိတ်လေးလျက် ရှိသည်။

ထိုနောက် တိရစ္ဆာန်တို့သည် သူ တို့၏ အစိမ်းရောင်ခံချိုနှင့် ခွါအလံကို ထူပြီးလျှင် အောင်ပွဲကျင်းပကြသည်။ ထိုအောင်ပွဲ၌ သေနတ်ခုနစ်ချက်ဖေါက် ပြီးလျှင် ဗန္ဓုလက တိရစ္ဆာန်များအား ခြီး ကျူးစကားပြောသည်။ တိုက်ပွဲ၌ ကျဆုံး သော တိရစ္ဆာန်များကို လှည်းပေါ်သို့ တင်ကာ ဂျိုကားနှင့်ခွါဖြူတို့က ဆွဲပြီး လျှင် အခမ်းအနားဖြင့် သင်္ဂြ လ်ကြသည်။ မသာပို့ရာတွင် ဗန္ဓုလက ရှေ့ဆုံးမှ လိုက် သည်။ မသာကို နှစ်ရက်လုံးလုံးထား သည်။ ထိုနှစ်ရက်အတွင်း၌ ဟောပြော ပွဲများ ကျင်းပ၍ သီချင်းများကိုလည်း သီဆိုသည်။ သေနတ်များလည်း ထပ်၍ ဖေါက်သည်။ အားလုံးသော တိရစ္ဆာန် များလည်း ခါတိုင်းထက်ပို၍ အစာရကြ သည်။ ထိုတိုက်ပွဲကို”အောင်လံစိမ်း တိုက်ပွဲ”ဟု ခေါ်ရန် ဗန္ဓုလက ကျေညာ သည်။ ထိုနောက် ဗန္ဓုလသည် “အောင်လံ စိမ်းဘွဲ့” ဖန်တီးပြီးလျှင် ထိုဘွဲ့ကို သူ့ကိုယ်သူ ပထမဆုံးပေး လိုက်သည်။ အောင်ပွဲကျင်းပ၍ ပျော်ရွှင်နေကြသဖြင့် တိရစ္ဆာန်တို့မှာ ဦးအောင်ပန်းက သူတို့ အပေါ်လိမ်သွားသည့် ကိစ္စကို မေ့မေ့ ပျောက်ပျောက်ဖြစ်၍ နေကြသည်။

ထိုနောက် ရက်အနည်းငယ်ကြာ သောအခါ ဝက်များသည် ဦးသာခေါင်အိမ် စပါးပုတ်တွင်းမှ အရက်အိုးကြီးတအိုး တွေ့သည်။ ထိုညတွင် ဝက်များနေသော ဦးသာခေါင် အိမ်မှ ဒို့တိရစ္ဆာန်သီချင်း နှင့်တကွ သီချင်းအမျိုးမျိုးဆိုသံကို ကြား ကြရသဖြင့် တိရစ္ဆာန်များမှာ အံ့အား သင့်၍ နေကြသည်။ ည၉နာရီခွဲ အချိန် လောက်တွင် ဗန္ဓုလသည် ဦးသာခေါင်၏ ခမောက်ပျော့ကို ဆောင်း၍ နောက်ဖေး တံခါးမှ ထွက်ပြီးလျှင် ဝင်းထဲ၌ ခွါစုံ ပေါက်၍ ပြေးပြီးနောက် အိမ်ထဲသို့ ပြန် ဝင်သွားသည်ကို တိရစ္ဆန်များ မြင်လိုက် ကြရသည်။ မနက်မိုးလင်းသောအခါ တ အိမ်လုံးတိတ်၍ နေပြီးလျှင် ဝက်တ ကောင်မျှ အိပ်ရာက ထသည်ကို မတွေ့ရ။ ကိုးနာရီထိုးလောက်တွင်မှ သံကြောင် သည် အိပ်ရာက ထသည်။ သူ့ကြည့်ရ သည်မှာ မှုန်တေတေနှင့် ဖြစ်၍နေသည်။ မျက်နှာလည်း မရွှင်။ အမြီးလည်းလှုပ် ဖေါ်မရ။ ပြင်းထန်စွာ မမာဟန်ပင် ထင်ရ သည်။ သံကြောင်သည် စိတ်မကောင်း ဟန်ဖြင့် ဖြည်းညှင်းစွာ လျှောက်လာပြီး လျှင် တိရစ္ဆာန်များကို စုဝေးစေ၍ ရဲဘော် ဗန္ဓုလမှာ သေတော့မည်ဖြစ်ကြောင်း ဝမ်းနည်းစွာ ပြောပြသည်။

ထိုသတင်းကို ကြားရသောအခါ တိရစ္ဆာန်များမှာ များစွာပူဆွေးဒုက္ခဖြစ်ကြ သည်။ ဝက်စံအိမ်အပြင်ဖက်တွင်လည်း ကောက်ရိုးများ ခင်းကာ ခြေသံမကြားနိုင် စေခြင်းငှါ တိရစ္ဆာန်များသည် ခြေဖျား ထောက်၍ သွားကြသည်။ တိရစ္ဆာန်များ သည် မျက်ရည်စက်လက်ဖြင့် ခေါင်း ဆောင်ကြီး ဗန္ဓုလကွယ်လွန်ခဲ့သည်ရှိ သော် ဘယ်လိုလုပ်ကြမည်နည်းဟု တ ကောင့်တကောင် တိုင်ပင်ကြသည်။ ထို နောက် ဘော်ဖြူက ဗန္ဓုလအား အစာထဲ တွင် အဆိပ်ခပ်သတ်ရန် ကြံစည်ကြောင်း ကောလာဟလသတင်း ဖြစ်ပေါ်၍လာ သည်။ ၁၁နာရီထိုးသောအခါ သံကြောင် ထွက်လာပြီး မည်သူမဆို အရက်သောက် လျှင် သေဒဏ်ပေးမည်ဟု ရဲဘော် ဗန္ဓုလ က မသေမီ နောက်ဆုံးအမိန့်ထုတ်လိုက် ကြောင်း တိရစ္ဆာန်များအား ပြောပြသည်။

ညနေစောင်းသောအခါ ဗန္ဓုလမှာ သက်သာပုံရလာသည်။ နောက်နေ့မနက် ရောက်သောအခါ ဗန္ဓုလသည် အတော် ကြီး သက်သာလာပြီဟု သံကြောင်က ပြောပြသည်။ ထို့နောက် ညနေတွင် ဗန္ဓုလအလုပ်ဆင်း၍ လုပ်နိုင်သည်။ နောက်တနေ့နံနက်တွင် ဗန္ဓုလက ဦးသာ ရာအား အရက်ချက်နည်း စာအုပ်အဝယ် ခိုင်းသည်။ နောက်တနင်္ဂနွေ တပတ် လောက်ကြာသောအခါ ယခင်က တိရစ္ဆာန် အိုများအတွက် စားကျက်အဖြစ် သတ် မှတ်ထားသော မြေကွက်ကို ကောက်ညှင်း စိုက်ဖို့အတွက် ထွန်ရမည်ဟုဗန္ဓုလ အမိန့် ပေးသည်။

ထိုအချိန်ဆီလောက်တွင် တည၌ စပါးကျီနားမှ ဝုန်းကနဲအသံကြီးတခု ကြားကြရသည်။ ဘာဖြစ်သည်ဟု မည် သူမျှ မသိကြ။ ထိုအသံကြားရသည့် အချိန်မှာ သန်ကောင်ယံအချိန်ဖြစ်သည်။ တိရစ္ဆာန်အားလုံးလည်း လန့်ဖြန့်ကုန် ကြသည်။ ထိုညမှာ လကလည်းသာ သည်။ သံကြောင်သည် တရားကြီး ခုနစ် ပါးရေးထားသော ကျီနံရံကို လှေကား ထောင်၍တက်ရာ လှေကားကျိုးကသ ဖြင့် ပုံရက်သားလဲလျက်ရှိသည်။ သူ့အ နားတွင် မီးအိမ်စုတ်တံနှင့် ဆေးဘူးများ ရှိသည်။ ခွေးများသည် သံကြောင်အား ဝိုင်း၍ ကာထားကြသည်။ သံကြောင်သည် ရုတ်တရက်သတိမေ့သွားသည်။ သတိရ ၍ လူလဲပြီးထနိုင်သည် တပြိုင်နက် ခွေးများက ဝက်များနေသော အိမ်သို့ ခေါ်သွားကြသည်။ သံကြောင်သည် စုတ် တံနှင့် ဆေးခွက်ကိုယူ၍ ဘာလုပ်ရန် အ ကြံနှင့်ကျီထရံကို တက်သည်ဟု မည် သည့် တိရစ္ဆာန်မျှ မရိပ်မိကြ။ မဟော်တ ကောင်ကမူ သံကြောင်၏အကြံကို သိ သည်။ သို့ရာတွင် မည်သူ့ကိုမျှ တစုံ တရာဖွင့်ဟ၍မပြော။

ထိုနောက် ခုနစ်ရက်လောက်ကြ သောအခါ မုတ်ဆိတ်သည် တရားကြီး ခုနစ်ပါးကို သွား၍ဖတ်ကြည့်သည်။ထို အခါ တိရစ္ဆာန်များ အမှတ်မှား၍နေသော အရာတခုကို တွေ့ရသည်။ ယခင်က ပဉ္ဖမတရားကြီးမှာ “တိရစ္ဆာန်များ အ ရက်မသောက်ရ ” ဟူ၍ ရေးထားသည် ဟု မှတ်ထင်ခဲ့ရာ ယခုသူဖတ်ကြည့် သောအခါ” တိရစ္ဆာန်များအရက်အလွန် အကျွံမသောက်ရ” ဟု အလွန်အကျွံဆို သော စကားတိုးနေသည်ကို တွေ့ရသည်။ တိရစ္ဆာန်များသည် အလွန်အကျွံဆိုသော စကားကို ဘယ်လိုများမေ့၍ နေကြပါလိမ့် ဟု အောက်မေ့မိသည်။

ဆက်လက်ဖော်ပြပါမည်။