မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားသို့ လူထုသုံးသောင်းကျော် တက်ရောက်

0
602

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် (တပို့တွဲလပြည့်ကျော် ၁ ရက်နေ့) တွင် ကျရောက်သည့် (၇၁) ကြိမ်မြောက် မွန် အမျိုးသားနေ့ ဗဟိုအခမ်းအနားသို့ အနယ်နယ်အရပ်ရပ်မှ မွန်လူထု ၃ သောင်းကျော် တက်ရောက်သည်ဟု မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနား ကျင်းပရေးကော်မတီထံမှ သိရသည်။

၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ဇာသပြင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မွန် တိုင်းရင်းသားများအပြင် ဖိတ်ကြားထား သည့် ကချင်၊ ကယား၊ ကရင် အစရှိ သည့် ညီနောင်တိုင်းရင်းသားများလည်း တက်ရောက်ခဲ့ကြသည်ဟု ဗဟိုအခမ်း အနား ကျင်းပရေး ကော်မတီဒုဥက္ကဋ္ဌ-၁ နိုင်စိုးမြင့်က ပြောသည်။
“ဒီနှစ် ဗဟိုအခမ်းအနားက မနှစ် ကထက် ပိုစည်တယ်၊ တက်ရောက်တဲ့လူ တွေလည်း အရမ်းများတယ်။ ခန့်မှန်းပေါ့ ၃ သောင်းကျော် လောက်ရှိမယ်၊ မွန်တွေ သာမကဘူး ဖိတ်ကြားထားတဲ့ အခြား တိုင်းရင်းသားတွေလည်း ၃၀ လောက် တက်ရောက်ကြတယ်”ဟု ၎င်းက ပြော သည်။

မွန်အမျိုးသားနေ့ကို ဗဟိုအခမ်း အနားအပြင် မြို့နယ်အဆင့်၊ ကျေးရွာ အဆင့်တို့တွင်လည်း မြို့နယ်တိုင်းကျေး ရွာတိုင်း ကျင်းပပြုလုပ်ကြသကဲ့သို့ မွန် လူမျိုးများရှိသည့် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ နယ်စပ်နှင့် ပြည်ပနိုင်ငံတို့ တွင်လည်း ကျင်းပပြုလုပ်ခဲ့ကြသည်။
“ဒီနှစ်က ကရင်ပြည်နယ်မှာကျင်း ပတယ်ဆိုပေမယ့် လူတွေ တော်တော် များတယ်၊ ကျွန်မတို့က ကိုယ့်ရွာကိုယ့် မြို့နယ်မှာလည်း အခမ်းအနားကျင်း ပတာပဲ။ ဒါပေမဲ့ ဗဟိုအခမ်းအနားကို တက်ရောက်ချင်လို့ ဗဟိုအခမ်းအနားကို ရောက်လာတာဖြစ်တယ်” ဟု မိသဇင် မော်က ပြောသည်။

ထိုအတူ မွန်ပြည်သစ်ပါတီက လည်း ဗဟိုအဆင့် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို စု ပေါင်းပြီး ပါတီဌာနချုပ်တွင် ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့သည်။
မွန်အမျိုးသားနေ့အခမ်းအနားကိုယခင်က မိမိဒေသအလိုက် ကျင်းပလာခဲ့ ရာမှ ရွှေရတုသဘင်ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစပြီး မွန်ပြည်နယ်၊ ကရင်ပြည် နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းရှိမြို့နယ် များ စုပေါင်းကာ ကျင်းပရေးကော်မတီ (ဗဟို)ကို ဖွဲ့စည်းခဲ့သည်။
သမလ၊ ဝိမလမွန်မင်းညီနောင်နှစ် ပါး ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့ တွဲ လပြည့်ကျော် ၁ ရက်နေ့ကို မွန် အမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ကျင်းပလာ ခဲ့ကြသည်။