ထားဝယ်တွင် ကရင်လူထု ဆွေး နွေးပွဲ မကျင်းပဖြစ်၊ အင်အာ(ရ်)ပီစီ ခွင့်ပြု ချက်ရမှ ကျင်းပခွင့်ရမည်

0
532

သရက်ချောင်းမြို့နယ် ကတွဲရွာ တွင် ကရင်လူထုဆွေးနွေးပွဲကို ဇန်နဝါရီ လ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပ ရန် စီစဉ်ထားသော်လည်း ကျင်းပ ခွင့်မရခဲ့ကြောင်း တနင်္သာရီတိုင်း ပွဲဖြစ် မြောက်ရေးကော်မတီထံမှ သိရသည်။
ကရင်လူထုဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ခဲ့သည့်အပေါ် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနချူပ်(NRPC ) သို့တင်ပြသွားရန်နှင့် NRPC ၏ ခွင့်ပြု ချက်ရရှိမှသာ ကျင်းပရန် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့စွဲဖြင့် တိုင်း အစိုးရအဖွဲ့ရုံးမှ တိုင်းဒေသကြီး ကျင်းပရေး ကော်မတီထံ စာထုတ်အကြောင်းကြား ခဲ့သည်။

ယင်းဆွေးနွေးပွဲများ ကျင်းပခွင့်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် NRPC ကသာ ခွင့်ပြုချက်ပေးနိုင်ပြီး တိုင်းဒေသကြီးအစိုးရက ခွင့်ပြုချက် ပေး၍မရကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင် က ဆိုသည်။
“RPCက သူတို့ဆီတင်ပြီး တော့ သူတို့ ခွင့်ပြုချက်ရမှ လုပ်ခိုင်း တာ”ဟု ဦးသိန်းအောင်က ဆိုသည်။
NRPC ၏ ခွင့်ပြုချက်ရပါက ကျင်းပခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“နေပြည်တော် (NRPC)ကို တင်ဖို့အတွက် အစည်းအဝေး တစ်ခု လုပ်ပြီး စာအမြန်ဆုံးတင်ဖို့ လုပ်ထား တယ်”ဟု တိုင်းဒေသကြီး ပွဲဖြစ်မြောက် ရေး ကော်မတီအဖွဲ့ဝင် ဦးစောဟားဗီက ပြောသည်။

ကရင်လူထု ကိုယ်စားလှယ်များဖြင့် ၃ ရက်ကြာ ကျင်းပရန် စီစဉ်ထားသည့် ကရင်လူထုဆွေးနွေးပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သယံ ဇာတ ဆိုသည့် ခေါင်းစဉ် ၄ ခုကို ဆွေးနွေးရန် လျာထားခဲ့ကြောင်း သိရ သည်။
“ဖိတ်စာတွေဝေပြီးမှ မကျင်းပဖြစ် တော့ တော်တော်ပင်ပန်းသွားတယ်”ဟု တိုင်းဒေသကြီး ပွဲဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး စောအဲယ်က ပြောသည်။

ကရင် အမျိုးသား နိုင်ငံရေးဆွေး နွေးပွဲ ကျင်းပရေးကော်မတီကို KNU အပါအဝင်NCA လက်မှတ်ထိုးထား သည့် ကရင် လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် ကရင်လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားသည်။