မောင်းမကန်ကမ်းခြေ ဖွံ့ ဖြိုးရေးအစီအစဉ် တိုင်းလွှတ်တော်အစည်းအဝေး တွင် တင်ပြမည်

0
488

ထားဝယ်ခရိုင်အတွင်းရှိ မောင်းမကန်ကမ်းခြေ ဖွံ့ဖြိုးရေး အစီအစဉ်ကို လာမည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ဇန်နဝါရီ လ ၃ ရက်တွင် ပြောကြားသည်။

အဆိုပါ အစီအစဉ်ကို မြို့ပြနှင့် အိုးအိမ်ဌာနက ရေးဆွဲထားပြီး တိုင်း လွှတ်တော်အစည်းအဝေးသို့ တင်ပြပြီး ပါက ယင်းမှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်ကို တင်ပြသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။

“တိုင်းလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးပြီဆို ဒီ Plan (အစီအစဉ်)အတိုင်း အကောင် အထည်ဖော်မယ်”ဟု ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။

အဆိုပါ မောင်းမကန်ကမ်းခြေ အစီအစဉ်တွင် ဟိုတယ်ဇုန်၊ အပန်းဖြေ စခန်းနေရာများ ပါဝင်ကြောင်း သိရသည်။