အမဲလိုက်မထွက်ရန်တားသည့် ဇနီးကို သေနတ်ဖြင့်ပစ်

0
483

အမဲလိုက် မထွက်ရန်တားသည့် ဇနီးဖြစ်သူကို အမဲလိုက်သွားရန် ကိုင် ထားသည့် တူမီးသေနတ်ဖြင့် ပစ် ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက် က ကော့သောင်းမြို့နယ် လုံးဖော ကျေးရွာ စိုက်ကွက်အမှတ် (J3 ဇုန်) ယုဇနဆီအုန်းကုမ္ပဏီတွင် အလုပ်လုပ် ကိုင်နေသည့် အမျိုးသားက ဇနီးဖြစ် သူကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။

တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃၅နှစ်အရွယ် ဇနီးဖြစ်သူ၏ ရင်ညွန့်၊ ဝမ်းဗိုက်တွင် ယမ်းစထိမှန်ခဲ့သည်။
ထို့အပြင် ဝဲပေါင်၊ ခြေသလုံး ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ကော့ သောင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမူခံယူလျက်ရှိရာ စိုးရိမ်ရ သည့် အနေအထားဖြစ်ကြောင်း အ ထက်ပါစခန်း တာဝန်ရှိသူက ဆိုသည်။

ပြစ်မှုကျူးလွန်သည့် အသက် ၂၇ နှစ်အရွယ် အမျိုးသားအား မာရမ်း နယ် မြေရဲစခန်းမှ (ပ)၁၆/၂၀၁၇ ရာဇ သတ်ကြီးပုဒ်မ ၃၀၇ (လူသတ်ရန် အား ထုတ်မှု)ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိ ကြောင်း ကော့သောင်းမြို့နယ် ရဲစခန်းမှ သိရသည်။