ကော့သောင်းဒေသ ခရီးသွားဖွံ့ ဖြိုးရေး ခရိုင်ခရီးသွားလုပ်ငန်း ကော်မတီစဖွဲ့

0
404

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရန်နှင့် ပင်လယ်ပြင်ကျွန်းများသို့ နေ့ ချင်းပြန် ခရီးသွားရောက်မည့် ခရီးသွား ကုမ္ပဏီများကို စစ်ဆေးနိုင်ရန် ကော့ သောင်းခရိုင် ခရီးသွားလုပ်ငန်းကော်မတီ ကို ဒီဇင်ဘာလ ၂၀ရက်နေ့တွင် စတင် ဖွဲ့စည်းလိုက်သည်။

အဆိုပါအဖွဲ့ကို ခရိုင်အုပ်ချုပ်ရေး မှူးက ဦးဆောင်ပြီး ဟိုတယ်/ခရီး၊ ဆိပ်ကမ်းအာဏာပိုင် ၊ ရေကြောင်းရဲတပ် ဖွဲ့ ၊ လ.၀.က ၊ ကမ္ဘာလှည့်ခရီးသွားကူ ညီရေးရဲတပ်ဖွဲ့ စသည့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ ၆ခုဖြင့် ဖွဲ့စည်း ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာန ကော့သောင်းရုံးခွဲ တာဝန်ခံ ဦးအာကာထွန်းက ဆိုသည်။

ပင်လယ်ပြင်ကျွန်းများသို့နေ့ချင်း ပြန်ခရီးစဉ်သွားမည့် ခရီးသွားကုမ္ပဏီ များကို ခရီးစဉ် နေ့ရက်၊ ခရီးစဉ် လမ်းကြောင်း အသေးစိတ် ၊ ခရီးသည် အရေအတွက် အပြင် ခရီးသည်များလုံခြုံ စိတ်ချမူရှိရန်အတွက် ရေယာဉ်စစ်ဆေးမှု များကိုပါ သက်ဆိုင်ရာ ဌာနအလိုက် မြို့မတံတားတွင် စစ်ဆေးလျက်ရှိ ကြောင်း ၎င်းက ပြောသည်။

“အဓိကအကြောင်းရင်းကတော့ ပင်လယ်ပြင်ခရီးသွားမယ့် ပြည်သူတွေ ဘေးကင်းလုံခြုံမှုအတွက် ယခင်ကထက် အလေးထားဆောင်ရွက်နိုင်အောင် ရည် ရွယ်တာပါ”ဟု ဦးအာကာထွန်းက ပြောသည်။
ကော့သောင်းခရိုင်တွင် နေ့ချင်း ပြန်ကျွန်းခရီးစဉ်လည်ပတ်ခွင့်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလက စတင် ခွင့်ပြုခဲ့သည်။