ပုလောတွင် စာပေဟောပြောပွဲ ကျင်းပမည်

0
436

နှစ် ၇၀ပြည့်မြောက် လွတ်လပ်ရေး နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပထမဆုံးအကြိမ် စာပေဟောပြောပွဲကို ဇန်နဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့ တို့တွင် ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ် သူများထံမှ သိရသည်။

စာပေဟောပြောပွဲသို့ မောင်စိန် ဝင်း(ပုတီးကုန်း)၊ဆရာချစ်ဦးညို၊ သရဝဏ်(ပြည်)နှင့် ဦးဘုန်း(ဓာတု)တို့ လာရောက်မည်ဖြစ်ကြောင်း စာပေဟော ပြောပွဲကို စီစဉ်သည့် ကိုဘုန်းထိုက်က ပြောသည်။

ပုလောမြို့အပြင် ဇန်နဝါရီလ ၄ ရက်နေ့နှင့် ၅ရက်နေ့တွင်ပင် ပလမြို့ တွင်လည်း စာပေဟောပြောပွဲကို ကျင်းပမည်ဖြစ်ပြီး စာရေးဆရာ ၄ ဦး နေရာခွဲကာ ဟောပြောကြမည် ဖြစ် ကြောင်း သိရသည်။

စာပေဟောပြောပွဲကို ပုလောမြို့ ငါးဦးစီးရုံးရှေ့ရှိ မြို့မဘော်လီဘော အားကစားကွင်းနှင့် ပလမြို့ နှစ်ကျိပ် ရှစ်ဆူ ဘုရားရင်ပြင်တော်တို့တွင် ည ၇ နာရီမှ ၁၀နာရီအထိ ဟောပြောကြ မည်ဖြစ်ကြောင်း သိရသည်။