ဟိုတယ်အခန်း လိုအပ်ချက် ထားဝယ်ခရိုင်တွင် အများဆုံး

0
622

တနင်္သာရီတိုင်းအတွင်းရှိ ခရိုင် သုံးခုအနက် ထားဝယ်ခရိုင်တွင် ဟို တယ်အခန်း လိုအပ်ချက် အများဆုံးဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီး ဌာနထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် ပြည်တွင်း ခရီးသွားများ လာရောက်မှု များပြား သည့်အတွက် ဟိုတယ်အခန်း လိုအပ် ချက် အများဆုံးဖြစ်နေပြီး သင်္ကြန်ကာလ ကဲ့သို့ ပွဲတော်ရက်များတွင် အခန်းမလုံ လောက်မှုများ ဖြစ်နေကြောင်း အထက် ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ရာသီအချိန်ဆို အခန်းလုံလောက် မှု မရှိသေးဘူး၊ ခရိုင်သုံးခုထဲမှာ ထား ဝယ်က အခန်းလိုအပ်ချက် အများဆုံးပဲ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
လက်ရှိ ထားဝယ်ခရိုင်ရှိ ဟိုတယ် ၁၀ လုံးတွင် အခန်းပေါင်း ၄၁၀ နှင့် ဟိုတယ်/ခရီး လိုင်စင်ရ တည်းခိုခန်း ၄ ခုတွင် ၅၁ ခန်းရှိကြောင်း အထက်ပါ ဌာနမှ သိရသည်။
မြိတ်ခရိုင်အတွင်း ဟိုတယ် ၉ လုံး တွင် အခန်းပေါင်း ၄၁၆ ခန်းနှင့် တည်းခိုခန်း ၆ ခုတွင် ၉၃ ခန်းနှင့် ကော့သောင်းတွင် ဟိုတယ် ၉ လုံးမှ အခန်းပေါင်း ၄၆၇ ခန်းရှိကြောင်း သိရ သည်။
ပွဲတော်ရာသီများတွင် တိုင်းအတွင်း ဟိုတယ်အခန်းပေါင်း ၃၀၀၀ ခန့် လိုအပ် ကြောင်း အထက်ပါ တာဝန်ရှိသူက ဆို သည်။

ဟိုတယ်/ခရီး လိုင်စင်ဖြင့်ဖွင့်သည့် တည်းခိုခန်းများအပြင် စည်ပင်လိုင်စင် ဖြင့် ဖွင့်သည့် တည်းခိုခန်းများလည်းရှိပြီး ဟိုတယ်/ခရီး လိုင်စင်ဖြင့် ဖွင့်ပါက နိုင်ငံခြားသားများ တည်းခိုခွင့်ရှိသည်။
လက်ရှိတွင် တိုင်းအတွင်း ဆောက် လုပ်ရန် လျှောက်ထားဆဲ/ ဆောက်လုပ် ဆဲ ဟိုတယ် ၇ လုံးရှိကြောင်း အထက်ပါ ဌာနထံမှ သိရသည်။
သင်္ကြန်ပွဲတော်ရက်များတွင် ထား ဝယ်ဒေသတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း များအပြင် ဘုန်းကြီးကျောင်းများ၊ ဘုရားများရှိ ဓမ္မာရုံများတွင်ပါ တည်းခို သူများဖြင့် ပြည့်လျှံနေလေ့ရှိသည်။