ကိုယ်ဝန်ဆောင်များတွင် HIV ပိုး တွေ့ရှိမှု လျော့နည်းလာ

0
399

တိုင်းအတွင်း ကိုယ်ဝန်ဆောင်များ ထံမှ HIV ပိုး တွေ့ရှိမှုမှာ ငါးနှစ်တာ ကာလအတွင်း လျော့နည်းလာကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ခုခံကျ၊ ကာလ သားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ကိုယ်ဝန်ဆောင်မိခင် ၁၄၀၀၀ ဦးကျော် ကို သွေးဖောက်စစ်ဆေးရာ ၀.၉၀ ရာခိုင် နှုန်း (၁၀၀၀ ဦးလျှင် ၉ ဦး နှုန်း) တွင် HIV ပိုး တွေ့ရကြောင်း တိုင်းဒေသကြီး ခုခံကျ၊ ကာလသား ရောဂါတိုက်ဖျက် ရေးအဖွဲ့တာဝန်ခံ ဒေါက်တာ ကျော်တင့်ထွန်း က ဆိုသည်။

၂၀၁၆ ခုနှစ်တွင်မူ ကိုယ်ဝန်ဆောင် ၃ သောင်းကျော်ကို စစ်ဆေးရာ ၀.၅၈ ရာခိုင်နှုန်း ( ၁၀၀၀ ဦးလျှင် ၅ ဦးခန့် သာ) တွေ့ရှိတော့ကြောင်း တိုင်းဒေသ ကြီး ခုခံကျ၊ ကာလသား ရောဂါ တိုက်ဖျက်ရေးအဖွဲ့ တာဝန်ခံဒေါက်တာ ကျော်တင့်ထွန်းက ဆိုသည်။

“ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ပွားမှု နှုန်းက တစ် ရာနှုန်းအောက်မှာပဲ ရှိ တယ်”ဟု ဒေါက်တာကျော်တင့်ထွန်းက ပြောသည်။
လက်ရှိ ၂၀၁၇ ခုနှစ် အောက်တိုဘာ လအထိ ကိုယ်ဝန်ဆောင် ၃၄၀၀၀ ကျော်ကို စစ်ဆေးရာ ၀.၂၇ ရာခိုင်း နှုန်းတွင်သာ HIV ပိုး တွေ့ရတော့ ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးဦးစီးဌာန ခုခံကျ၊ ကာလသား ရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရ သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ စာရင်းများအရ တိုင်းအတွင်း ART ဆေး( HIV ပိုး မပြန့်ပွားစေရန် ထိန်း ချုပ်သည့်ဆေး) သုံးစွဲနေရသူ စုစုပေါင်း ၅၁၆၇ ဦး ရှိကြောင်း အထက်ပါဌာန စာရင်းများအရ သိရသည်။
ART ဆေးများကို ကျန်းမာရေး ဌာနနှင့် INGO အချို့က ဖြန့်ဝေပေး လျက်ရှိသည်။