တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက် ယခုလကုန် ရပ်မည်

0
429

တနင်္သာရီတိုင်းအတွင်း ကျန်းမာ ရေးဌာနနှင့် ဝေါလ်ဗီရှင်အဖွဲ့တို့ ပူး ပေါင်း ဆောက်ရွက် နေသည့် တီဘီနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက် နှစ်ခုကို ယခုလကုန် ရပ်နားမည်ဖြစ် ကြောင်း ဝေါလ်ဗီရှင်(မြန်မာ) တနင်္သာရီ ဇုန်ရုံးထံမှ သိရသည်။

တိုင်းအတွင်း ယင်းစီမံချက် ၂ ခုကို ကမ္ဘာ့ရန်ပုံငွေ အဖွဲ့၏ ထောက်ပံ့မှုဖြင့် ၂၀၁၁ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် စီမံချက်ကာလ ပြီးဆုံး သွားပြီ ဖြစ်သောကြောင့် ရပ်နားလိုက် ခြင်းဖြစ်ကြောင်း အထက်ပါရုံးမှ ဇုန် မန်နေဂျာ ဦးအောင်ကျော်စိုးက ပြော သည်။

ယင်းစီမံချက်တွင် ကျေးရွာလူထု များကို တီဘီ၊ ငှက်ဖျား ရောဂါဆိုင်ရာ အသိပညာ မျှဝေပေးခြင်း၊ ယင်းရောဂါ သံသယရှိ လူနာများကို ခရီးစရိတ် ထောက်ပံ့ကာ ကျန်းမာရေးဌာနတွင် စမ်းသပ် ကုသနိုင်ရန် ညွှန်းပို့ပေးခြင်း စသည်တို့ကိုဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ယင်းစီမံချက်များ ပြီးဆုံးသွားသော် လည်း ကျန်းမာရေးဌာနရှိ ဝန်ထမ်းများ ဖြင့် ယင်းကူးစက်ရောဂါ ကုသရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း တိုင်းကျန်းမာရေး ဦးစီးဌာန၊ တီဘီဌာနမှ ဆရာဝန်ကြီး ဒေါက်တာ ခင်ဇော်က ပြောသည်။

“ဒီလိုမျိုးကြီး ပြီးဆုံးသွားတဲ့အခါ ကျတော့ ဆရာတို့ တစ်မျိုးတော့ အား လျော့တာပေါ့နော်။ ဒါပေမဲ့ နဂိုရှိရင်းစွဲ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ပဲ ဆက်လုပ် သွားမယ်ပေါ့”ဟု ဒေါက်တာ ခင်ဇော်က ဆိုသည်။

တီဘီရော တိုက်ဖျက်ရေး စီမံချက် ကို ထားဝယ်၊ လောင်းလုံး၊ သရက် ချောင်း၊ မြိတ်၊ ကော့သောင်း စသည့် ၅ မြို့နယ်နှင့် ငှက်ဖျားရောဂါ တိုက် ဖျက်ရေး စီမံချက်ကို ထားဝယ်၊ လောင်း လုံး၊ သရက်ချောင်း၊ မြိတ်၊ ပုလေား၊ ကော့ သောင်း ၆ မြို့နယ်ရှိ သတ်မှတ် ကျေးရွာ အချို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။