ထားဝယ်တွင် ခွေးနှင့် မွေးမြူရေး တိရစ္ဆာန်စာရင်းကောက်မည်

0
434

ထားဝယ်မြို့နယ်အတွင်းရှိ ရပ် ကွက်၊ ကျေးရွာ ၁၉ ရွာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစကာ ခွေး နှင့် မွေးမြူရေး တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့ နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန (တိမွေးကု)ထံမှ သိရသည်။

ခွေး၊ ကြက်၊ ဘဲ၊ နွား၊ ဝက် အစ ရှိသည့် မွေးမြူရေးတိရစ္ဆာန်များကို လာ မည့် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက် အထိ စာရင်းကောက်ယူ သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ မြေစာရင်းနှင့် စိုက်ပျိုးရေး အစရှိသည့် ဌာနများပါဝင် မည်ဖြစ်ကြောင်း မြို့နယ်တိမွေးကု ဦးစီး မှူး ဒေါက်တာ သိန်းဇော်မင်းက ဆို သည်။

တိရစ္ဆာန်ကောင်ရေစာရင်း မှန်မှန် ကန်ကန် ရရှိပါက မွေးမြူရေး ဖွံ့ဖြိုးတိုး တက်ရေး စီမံကိန်းများ ရေးဆွဲရာတွင် အထောက်အကူ ပြုနိုင်သည့်အတွက် ပြည်သူများက ပူးပေါင်းပါဝင်ကာ မှန် ကန်စွာ ဖြေကြားပေးရန် လိုအပ်ကြောင်း ၎င်းကပြောသည်။

“ကြောင်တော့ မပါဘူး၊ ခွေးကနေ တိရစ္ဆာန် အမျိုးအစား တစ်ဆယ်ကျော် လောက်အထိ ကောက်သွားမှာ” ဟု ဒေါက်တာ သိန်းဇော်မင်းက ဆိုသည်။
တိရစ္ဆာန်ကောင်ရေ စာရင်း ကောက်ယူရာတွင် ရပ်ကွက်၊ ကျေးရွာ အားလုံးတွင် ကောက်ယူမည်မဟုတ်ဘဲ မြို့နယ်အတွင်းရှိ ရပ်ကွက်^ကျေးရွာ များ၏ ၂၀ ရာခိုင်နှုန်းကိုသာ ကောက်ယူ မည်ဖြစ်သည်။

အဆိုပါ တိရစ္ဆာန်ကောင်ရေစာ ရင်း ကောက်ယူခြင်းလုပ်ငန်းကို တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင် အထည်ဖော်မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကောင် ရေစာရင်းကို ၁၉၉၃ ခုနှစ် အထိသာ နောက်ဆုံး ကောက်ယူခဲ့ဖူးကြောင်း အထက်ပါဌာနထံမှ သိရသည်။