ငါးဖောင်းဆံ ဈေးကောင်းရ

0
688

မြိတ်ကျွန်းစုဒေသမှ ထွက်ရှိသော ငါးဖောင်းဆံများ ဈေးကောင်းရရှိနေ ကြောင်း ယင်းလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
ထိုင်းနှင့်တရုတ်လူမျိုးများ၏ ဟင်းလျာများတွင် ထည့်သွင်း စား သောက်လေ့ရှိသည့် ငါးဖောင်းဆံခေါ် ငါးစီဖောင်းများအား ယခင်က ထိုင်း နိုင်ငံသို့သာ တင်ပို့ရောင်းချလေ့ရှိသော် လည်း လက်ရှိတွင် ပြည်တွင်းတွင်ပင် ဈေးကောင်းရရှိနေကြောင်း ကျွန်းစုမြို့ နယ် စခန်းသစ်ကျေးရွာမှ ငါးဖောင်း ဆံရောင်း/ဝယ်ရေးလုပ်နေသူ ဦးဝင်းကို က ပြောပြသည်။

“လွန်ခဲ့တဲ့ ၂ နှစ် ခန့်က အညံ့ဆုံး ဈေး တစ်ပိဿာ ၂ သိန်းကျပ် ကျော်ပဲ ရတာ၊ ဒီနှစ်မှာတော့ အညံ့ဆုံး ဈေး ကျပ် ၅ သိန်းအထိ ရတယ်” ဟု ဦးဝင်းကိုက ပြောသည်။
ထို့ပြင် ငါးဖောင်းဆံအရည်အသွေး အပေါ်မူတည်ပြီး အရည်အသွေးကောင်း ပါက တစ်ပိဿာ ကျပ်သိန်း ၂၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ယင်းဈေးကွက်မှ သိရသည်။
အရည်အသွေး အကောင်းဆုံးဖြစ် သည့် ငါးဖောင်းဆံဖြင့် ပြီးခဲ့သည့်နှစ်က ၃၇ သိန်းကျပ်အထိ ရရှိခဲ့ဖူးကြောင်း ဦးဝင်းကိုက ပြောသည်။

ငါးဖောင်းဆံများကို ကက္ထူရံခေါ် ကျွဲရင်၊ ငါးရွှေ၊ ငါးမြင်း စသောငါးများ၏ ဝမ်းပိုက်အတွင်းမှရရှိကြကြောင်း သိရ သည်။
အဆိုပါငါးဖောင်းဆံများကို မြိတ် မြို့မှတစ်ဆင့် ရန်ကုန်ဘုရင့်နောင် ကုန် စည်ဒိုင်သို့ တိုက်ရိုက်တင်ပို့နေပြီး ယင်းမှတစ်ဆင့် တရုတ်ဝယ်လက် များဆီသို့ ပြန်လည်ရောင်းချကြကြောင်း ငါးဖောင်းဆံ ရောင်း/ဝယ်လုပ်ကိုင် သူများက ဆိုသည်။