တနင်္သာရီ ရင်းနှီးမြှုပ်နှံမှုကော်မတီဖွဲ့ ပြီး ငါးလနီးပါးအကြာ လုပ်ငန်းခုနစ်မျိုးခွင့်ပြု

0
501

တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော် မတီဖွဲ့စည်းပြီး အချိန် ငါးလနီးပါး အကြာတွင် စီးပွားရေးလုပ်ငန်း ၇ ခုကို ရင်းနှီးမြှုပ်နှံခွင့်များ ထုတ်ပေးခဲ့ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုကော်မ တီထံမှ သိရသည်။

နိုဝင်ဘာလ ၃၀ ရက်အထိ ထားဝယ်ခရိုင်တွင် ဟိုတယ်လုပ်ငန်း ၃ ခု၊ ရာဘာလုပ်ငန်း ၂ ခု၊ အလှကုန် ထုတ်လုပ်သည့် လုပ်ငန်း ၁ ခုနှင့် မြိတ်ခရိုင်တွင် ရောင်စုံကွန်ကရစ်လုပ် ငန်း ၁ ခုတို့ကို ရင်းနှီးမြှုပ်နှံ အတည် ပြုမိန့်များ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

“အတည်ပြုမိန့်အတွက် စိစစ်နေဆဲ လုပ်ငန်း ခုနစ်ခုလောက် ကျန်သေးတယ်၊ အတည်ပြုမိန့်အတွက် လျှောက်လွှာ ထုတ်သူ ကတော့ အများကြီးပဲ” ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။

ရင်းနှီးမြှုပ်နှံမှု ငွေပမာဏ ကျပ် သန်း ၃၀၀ မှ သန်း ၂၀၀၀ အထိ ရှိသည့် အဆိုပါ လုပ်ငန်း ၇ ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ငွေကျပ်သန်းပေါင်း ၇ ထောင် ကျော်ရှိကြောင်း အထက်ပါကော်မတီ ထံမှ သိရသည်။

တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီတွင် ရင်းနှီးမြှုပ်နှံခွင့် အတည် ပြုမိန့် ရရှိပါက လုပ်ငန်းဆောင်ရွက်ရာ တွင် သက်ဆိုင်ရာမြို့နယ်အလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ၅ နှစ်မှ ၇ နှစ်အထိ ခွင့်ပြုထားသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် မတည်ငွေရင်းပမာဏ ငွေကျပ်သန်း ပေါင်း ၆၀၀၀ (သို့မဟုတ်) အမေရိကန် ဒေါ်လာ ၅ သန်း အထိ အတည်ပြုမိန့် ထုတ်ပေးနိုင်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီကို ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်က စတင်ဖွဲ့စည်းခဲ့ သည်။