လိုင်စင်မဲ့ ဆိုင်ကယ်နှင့် ဘေးတွဲ ဆိုင်ကယ်များ ဇန်နဝါရီလတွင် စဖမ်းမည်

0
396

ကော့သောင်းမြို့နယ် လိုင်စင်မဲ့ ဆိုင်ကယ်နှင့် ဘေးတွဲဆိုင်ကယ်များကို လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖမ်းဆီးမည်ဖြစ်ကြောင်း အမှတ်(၇၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲမှူး မောင်မျိုးက ပြောသည်။

ယင်းကြောင်း ယခုဒီဇင်ဘာလ အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင် ပြုလုပ်ကြရန်နှင့် သက်တမ်းကုန်နေသည့် ဘေးတွဲဆိုင်ကယ်များ သက်တမ်းတိုး ကြရန်အတွက် ရပ်ကွက်များတွင် လှည့် လည်နှိုးဆော်မှုများ ပြုလုပ်လျက်ရှိသည်။

ဘေးတွဲဆိုင်ကယ်များကိုမူ ဘေးတွဲလိုင်စင်ထပ်မံထုတ်ပေးတော့မည်မဟုတ်ဘဲ သက်တမ်းကုန်နေသည့် ဘေး တွဲဆိုင်ကယ်များကိုသာ သက်တမ်းတိုး ပေးမည်ဖြစ်ကြောင်း ယင်းယာဉ်ထိန်းရဲ တပ်ဖွဲ့ထံမှ သိရသည်။

ကော့သောင်းခရိုင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့မှ စတင်၍ လိုင်စင်မဲ့ဆိုင်ကယ်များကို ဒေသလိုင်စင်ပြုလုပ်ပေးလျက်ရှိပြီး နိုဝင်ဘာလ ၂၉ ရက်အထိ ဆိုင်ကယ်အစီးရေ ၂၇၀ စီး လာရောက်ပြုလုပ်ပြီးဖြစ်ကြောင်း ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။