ကော့သောင်းတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ နှစ်ဆယ်ကျော်

0
377

ကော့သောင်းခရိုင်တွင် ယခုနှစ် အတွင်း ယာဉ်တိုက်မှုများကြောင့် သေဆုံး သူဦးရေ နှစ်ဆယ်ကျော်ရှိကြောင်း သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ယခုနှစ် ဇန်နဝါရီလာမှ နိုဝင်ဘာ လ အပတ်အထိ ယာဉ်မတော်တဆမှု ကြောင့် အမျိုးသား ၁၅ ဦးနှင့် အမျိုးသ မီး ၈ ဦး စုစုပေါင်း ၂၃ ဦး သေဆုံး ခဲ့ကြောင်း ကော့သောင်းခရိုင်၊ အမှတ် ၇၅ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရ သည်။

“အရှိန်ပြင်းမောင်းတယ်၊ လမ်း ကွေ့လမ်းကြောမှာ အရှိန်မထိန်းဘူး၊ ဒုတိယက အရက်သောက်ပြီး မောင်းတာ၊ လမ်းစည်းကမ်း မသိတာတို့ကြောင့် အ ဖြစ်များတာ”ဟု ကော့သောင်းအမှတ် ၇၅ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲ မှူးမောင်မျိုးက ပြောသည်။
ယာဉ်မတော်တဆမှုများ လျှော့ကျ လာစေရန်အတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဟောပြောပွဲများကို ယခု နှစ်အတွင်း အကြိမ် ၄၀ ခန့် ပြုလုပ်ခဲ့ ကြောင်း အထက်ပါရုံးထံမှ သိရသည်။