ဒေသလိုင်စင်ကရသည့်ငွေ တကယ်လိုသည့် နေရာတွင်သာ သုံးမည်ဟုဆို

0
389

တိုင်းအတွင်း လိုင်စင်မဲ့ ဆိုင်ကယ် များကို ဒေသလိုင်စင်ပြုလုပ်ပေးရာမှ ရရှိသည့် ငွေကြေးကို အမှန်တကယ် လိုအပ်သည့် နေရာများတွင် အသုံးပြု သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက ပြောသည်။

ဒေသလိုင်စင်လုပ်ရာတွင် ဒဏ်ကြေး အဖြစ် ကောက်ခံသည့် ငွေပမာဏ၏ ၇၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီး အစိုးရ က ရရှိမည်ဖြစ်ပြီး ၂၅ရာခိုင်နှုန်းကို ပြည်ထောင်စုအစိုးရက ရရှိမည် ဖြစ်သည်။
မည်သည့်နေရာတွင် အသုံးပြု သွားမည်ကို တိုင်းအစိုးရအဖွဲ့ အစည်း အဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည် ဖြစ်ပြီး လိုချင်သည့်နေရာထက် လိုအပ် သည့်နေရာတွင် သုံးစွဲသွားမည်ဖြစ် ကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

“ပြည်သူလူထုအကျိုးပြုတဲ့ ဟာပဲ သုံးမှာပေါ့”ဟု ဝန်ကြီးဦးဖြိုးဝင်းထွန်းက ပြောသည်။
လိုင်စင်မဲ့ဆိုင်ကယ်များကို ယခုနှစ် စက်တင်ဘာလ ၆ ရက်မှ အောက် တိုဘာလကုန်အထိ ၄၃၄၇ စီး ဒေသ လိုင်စင် ပြုလုပ်ပေးခဲ့ပြီး ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း ၆၈၀၀ ကျော် ရရှိခဲ့ ကြောင်း တိုင်းဒေသကြီး ကညနရုံးထံမှ သိရသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များကို ဒီဇင် ဘာလကုန်အထိ ဒေသလိုင်စင်ထုတ်ပေး ရန် သတ်မှတ်ထားပြီး လိုင်စင်ပြုလုပ်ရန် ကျန်ရှိနေပါက ရက်တိုး၍ ပြုလုပ်ပေး မည်ဖြစ်ကြောင်း တိုင်းကညနရုံးထံမှ သိရသည်။