ကော့သောင်းမြို့ ရွှေဟင်္သာဈေးကို နှစ်ထပ်ဈေးအသစ် ဆောက်မည်

0
385

ကော့သောင်းမြို့၊ ရွှေဟင်္သာရပ် ကွက်ရှိ မင်္ဂလာဈေး(ဒေသခံအခေါ် ရွှေ ဟင်္သာဈေး)အား အဆင့်မြင့် အဆောက် အအုံ တည်ဆောက်မည်ဖြစ်ကြောင်း မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရ သည်။
အဆိုပါဈေးကို အစိုးရရန်ပုံငွေဖြင့် မဟုတ်ဘဲ ငွေရတီဆောက်လုပ်ရေး ကုမ္ပဏီက သန်းပေါင်း ၉၀၀ ကျော် အကုန်ကျခံ တည်ဆောက်မည်ဖြစ်ပြီး လာမည့် ၂၀၁၉ ခုနှစ် မေလလယ်တွင် အပြီး တည်ဆောက်ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်ထံမှ သိရသည်။

ဈေးအဆောက်အအုံ တည်ဆောက် ပြီးပါက ဆောက်လုပ်သည့် ကုမ္ပဏီက အပေါ်ထပ်ကို ငှားရမ်းလုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး မြေညီထပ်တွင်မူ ဆိုင်ခန်း ပေါင်း နှစ်ရာနီးပါး တည်ဆောက်ကာ ဈေးရောင်းမည့်သူများအား စည်ပင် သာယာရေးအဖွဲ့မှ ရောင်းချပေးမည်ဖြစ် ကြောင်း ကော့သောင်းမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဒုဦးစီးမှူး(ဈေး) ဦးဝင်းရွှေက ပြောသည်။
“အလုပ်အပ်တဲ့ စည်ပင်ဌာနနဲ့ တည်ဆောက်မယ့် ကုမ္ပဏီသဘောတူ စာချုပ် ချုပ်ပြီးပြီ” ဟု ၎င်းက ဆိုသည်။

ငွေရတီဆောက်လုပ်ရေးကုမ္ပဏီကအပေါ်ထပ်အတွက် စည်ပင်သာယာရေး အဖွဲ့က သတ်မှတ်နှုန်းထားသည့် အခွန် အခများကို ပေးဆောင်ရမည်ဖြစ်ပြီး ယင်းအခွန်အခ ပေးနေသမျှ အပေါ်ထပ် တွင် လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရ သည်။
နှစ်ထပ်ဈေး တည်ဆောက်နေချိန် တွင် ယခင်ဈေးတွင် ရောင်းချနေသူများ အား ယင်းဈေးအနီးအနားတွင် ယာယီ ဆိုင်ခန်းများဖြင့် ရောင်းချနိုင်ရန် စီစဉ် ထားကြောင်း မြို့နယ်စည်ပင်ထံမှ သိရသည်။

ယင်းသို့ ဈေးအသစ် ဆောက်လုပ် ခြင်းကို မင်္ဂလာဈေးက ဆိုင်ခန်းပိုင်ရှင် များအနေဖြင့် ကန့်ကွက်သူမရှိ သဘော တူခဲ့ကြပြီး အစားထိုးနေရာနှင့် ဆိုင်ခန်း များလည်း အသင့်ရှိနေခြင်းကြောင့် အဆင်ပြေနိုင်သည်ဟု ဈေးတွင် ကုန်စုံ ရောင်းချနေသူတစ်ဦးကဆိုသည်။
အသစ်ဆောက်မည့် မင်္ဂလာဈေး နှစ်ထပ်အဆောက်အအုံမှာ ၁၅၂ ဒဿမ ၆ ပေ _ ၁၀၁ ပေ _ ၂၇ ပေ အရွယ် အစားရှိမည်ဖြစ်ကြောင်း သိရသည်။