နော်ချစ်ပန်းတိုင် အသတ်ခံရသည့် တစ်နှစ်ပြည့်တွင် အမှုမှန်ပေါ်ရေး လက်မှတ်စုဆောင်း တောင်းဆို

0
430

သဘာဝပတ်ဝန်းကျင်နှင့် ထားဝယ် ဒေသရေး တက်ကြွလှုပ်ရှားနေသော ကရင်အမျိုးသမီးငယ် နော်ချစ်ပန်းတိုင် အသတ်ခံရသည့် တစ်နှစ်ပြည့်နေ့တွင် အမှုမှန် ပေါ်ပေါက်ရေးအတွက် ထား ဝယ်ဒေသခံများ စုပေါင်းလက်မှတ် ရေးထိုး တောင်းဆိုခဲ့ကြသည်။

လက်မှတ်များကို နိုဝင်ဘာလ ၁၉ ရက်နေ့က ထားဝယ်မြို့ ဘိုးဘွား ရိပ်သာရှေ့၊ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်သည့် တစ်နှစ်ပြည့် အောက်မေ့ဖွယ် ဝတ်ပြု ဆုတောင်းပွဲတွင် ကောက်ခံခဲ့ခြင်း ဖြစ် သည်။

ဝတ်ပြုဆုတောင်းပွဲ တက်ရောက် သူတို့၏ လက်မှတ် ၂၀၀ ကျော်အား နိုဝင်ဘာ ၂၀ ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံ ပေးပို့ခဲ့ကြောင်း နော်ချစ် ပန်းတိုင်၏ မိခင်ဖြစ်သူ နော်ဖောဂေးက ပြောသည်။
“အမှုက အဲလောက်ကြာမယ် မထင် ထားခဲ့ဘူး”ဟု နော်ဖောဂေးက ပြော သည်။

နော်ချစ်ပန်းတိုင်သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ည ရွှေဝယ် သီရိအားကစားကွင်း၌ ပြုလုပ်သော သီချင်းဆိုပြိုင်ပွဲ ကျင်းပနေစဉ် ပွဲကျင်းပ သည့် နေရာနှင့် မလှမ်းမကမ်းတွင် အသတ်ခံခဲ့ရခြင်းဖြစ်ပြီး တစ်နှစ်ပြည့် သည်အထိ တရားခံ မဖော်ထုတ်နိုင် သေးပေ။