မွန်တွင် ပွင့်လင်းရာသီရောက်သော်လည်း ဇာတ်ပွဲငှားရမ်းသူ နည်းပါး

0
495

မွန်ပြည်နယ်တွင် ယခုနှစ် ပွင့်လင်း ရာသီကာလတွင် ဇာတ်ပွဲငှားရမ်းသူ နည်းပါးသည့်အတွက် မြ၀တီမြို့အထိ အရှုံးခံပြီး ထွက်နေရသည်ဟု မွန်ပြည်နယ် သဘင်ပညာရှင်များ အစည်းအရုံးထံမှ သိရသည်။
မြ၀တီတွင် တစ်ညလျှင် ကျပ် ၄ သိန်းခန့်သာ ရရှိသဖြင့် ဇာတ်သဘင် များ အရှုံးပေါ်နေသည့် အခြေအနေရှိ သည်ဟု မွန်ပြည်နယ်သဘင် ပညာ ရှင်များ အစည်းအရုံး တွဲဖက်အတွင်းရေး မှူး ဦးသိန်းဝင်းက ပြောသည်။

ယခုနှစ်တွင် ပြည်နယ်၌ မြန်မာ ဇာတ် ၃၀ ဇာတ်နှင့် မွန်ဇာတ် ၉ ဇာတ် ရှိပြီး ပြည်နယ်အတွင်း မွန်ဇာတ်ပွဲတစ်ည ငှားရမ်းခသည် ကျပ် သိန်း ၂၀၊ မြန်မာ ဇာတ်ပွဲ တစ်ညလျှင် ကျပ်၇ သိန်းကျော် ရှိသည်ဟု မွန်ပြည်နယ် သဘင် ပညာ ရှင်များ အစည်းအရုံးမှ သိရသည်။

“ပွဲငှားရမ်းတဲ့သူ နည်းတယ်၊ ဒီနှစ် ဘာကြောင့်လဲဆိုတော့ အခုက ဘုရားပွဲ တို့ ဘာတို့ဆို ဇာတ်ပွဲအစား တရားပွဲတွေ လုပ်တာများလာတယ်၊ သီတင်းကျွတ်လ က နေနတ်တော်လ အထိကို ပွဲငှားသူတွေ မရှိသေးတော့ မြ၀တီမြို့ကို ထွက်နေရ တယ်၊ ဇာတ်လုပ်သားတွေအတွက် စဉ်းစား ပြီး ထွက်နေရတယ်”ဟု ဦးသိန်းဝင်းက ပြောသည်။
ထို့အတူ မွန်ပြည်နယ်တွင် ရခိုင် ပဋိပက္ခဖြစ်စဉ်ကြောင့် လုံခြုံရေး အခြေ အနေအရ လူစုလူဝေးဖြစ်စေသည့် ပွဲ တော်ကျင်းပခွင့်ကို ယာယီဆိုင်းငံ့ထား မှုရှိနေသည့်အတွက်ကြောင့်လည်း ဇာတ်ပွဲများ ပါစစ်မရသည်မျိုးလည်း ရှိနေသည်။

မွန်ပြည်နယ်ရှိ ဇာတ်သဘင်များ သည် သီတင်းကျွတ်လမှ စထွက်ကြပြီး မိုးမကျခင် ကဆုန်လပြည့်နေ့ထိ ပွဲထွက် ရသည်။
သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ ပြာသို၊ တန်ခူးလတို့တွင်ငှားရမ်းမှု အ များဆုံးဟု ဇာတ်တည်ထောင်သူတို့က ပြောသည်။
မွန်ပြည်နယ်တွင် ယမန်နှစ်က ဇာတ်သဘင် ၃၅ ဇာတ်ရှိပြီး ယခုနှစ် တွင် မြန်မာဇာတ်သဘင် ၄ ဇာတ်တိုး လာသည်ဟု ပြည်နယ်သဘင်ပညာရှင် များ အစည်းအရုံးရှိ ဇာတ်သဘင်စာရင်း အရ သိရသည်။