တနင်္သာရီမြို့နယ်တွင် စရဖ တပ်ကြပ်ကြီးက အရပ်သားဦးခေါင်းကို သေနတ်ဒင်ဖြင့် ရိုက်

0
392

တနင်္သာရီမြို့နယ် ပ၀ကျေးရွာတွင် နိုဝင်ဘာလ ၁ ရက်နေ့ညက စစ်ဘက် ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်ကြပ်ကြီး တစ်ဦးက အရပ်သားတစ်ဦး၏ ဦးခေါင်း ကို သေနတ်ဒင်ဖြင့် ရိုက်မှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီ မြို့မရဲစခန်းမှ သိရသည်။

ည ၈ နာရီအချိန်ခန့်က ပ၀ကျေး ရွာ အရက်ဆိုင်တစ်ဆိုင်တွင် အရက် သောက်နေကြသည့် သူငယ်ချင်း ၃ ဦး ၏ အရက်ဝိုင်းက ဖန်ခွက်တစ်ခွက် ကျကွဲခဲ့သောကြောင့် ဆိုင်ရှင်၏ သား ဖြစ်သူနှင့် စကားများခဲ့ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။

ယင်းသို့ စကားများရာမှ ဆိုင်ရှင် ၏ သားဖြစ်သူက အဆိုပါ သူငယ်ချင်း ၃ ဦးအနက် ၁ ဦး၏ ခေါင်းကို ဖန် ခွက်ဖြင့်ရိုက်သဖြင့် ဝင်ဆွဲသူကို ဆိုင်ရှင် သား၏မိတ်ဆွေ စရဖ တပ်ကြပ်ကြီးက အသင့်ကိုင်ဆောင်ထားသော သေနတ် အတို (အမျိုးအစား မသိရ)ဒင်ဖြင့် ရိုက် နှက်လိုက်သဖြင့် ဆိုင်အတွင်း ရုန်းရင်း ဆန်ခတ်ဖြစ်ခဲ့ရကြာင်း တနင်္သာရီမြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ကျေးလက်ဆေးပေးခန်းတွင် ဆေးဝါးကုသမှုခံယူခဲ့ကာ ယင်းမှတ်ဆင့် တနင်္သာရီမြို့၊ ပြည်သူ့ဆေးရုံသို့ တက် ရောက်ဆေးကုသမှု ခံယူခဲ့ရကြောင်း ရဲစခန်းထံမှ သိရသည်။

“အမှုဖွင့်တာက နှစ်ယောက်စလုံး ကို ဖွင့်ထားတယ်”ဟု ပ၀ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်ငယ်က ဆိုသည်။
အရိုက်ခံရသူများက အရက်ဆိုင် ပိုင်ရှင်၏သားဖြစ်သူနှင့် စရဖ တပ်ကြပ် ကြီးတို့အား အမှုဖွင့် တိုင်ကြားထား ခြင်းဖြစ်ကြောင်း သိရသည်။