တန်ဆောင်တိုင်ပွဲတော်ရက် ဟိုတယ်အများစု အခန်းပြည့်

0
492

ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပ လေ့ရှိသည့် တန်ဆောင်တိုင် နှစ်ကျိပ် ရှစ်ဆူဘုရားပွဲတော် ကာလအတွင်းဟို တယ်အများစုတွင် ကြိုတင်ငှားရမ်းထား သည့် အခန်းပြည့်နေပြီဖြစ်ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဟိုတယ်အချို့ထံမှ သိရသည်။

တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို တန်ဆောင်မုန်းလဆန်း ၁၃၊ ၁၄ ရက်များနှင့် လပြည့်နေ့တို့တွင် ကျင်းပသည်။ပြည်တွင်းခရီးသွားလုပ်ငန်းများက ပြီးခဲ့သည့် စက်တင်ဘာလကပင် ကြို တင်ငှားရမ်းထားကြပြီး လက်ရှိအချိန် တွင် အခန်းအားလုံး၏ ၈၅ ရာခိုင်နှုန်း ခန့်ကြိုငှားထားကြကြောင်း ပန်းဥယျာဉ် ဟိုတယ် တာဝန်ခံ ဦးဇော်ဟိန်းက ဆို သည်။” ဈေးနှုန်းက အရင်းတိုင်းပါပဲ” ဟု ဦးဇော်ဟိန်းက ပြောသည်။

အခန်းကြိုတင်ငှားရမ်းမှုကို ပွဲတော် ကာလမတိုင်မီ တစ်လအလိုတွင် စတင် လက်ခံပြီးလက်ရှိအချိန်တွင် အခန်း အားလုံး ကြိုတင်ငှားထားကြပြီး ဖြစ် ကြောင်း ဇေယျာထက်စံ ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။” မိုးရာသီတစ်ချိန်ပဲ ဧည့်သည်နည်း တာ၊ ကျန်တဲ့ရာသီဆို လာတည်းသူတွေ များတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ဘုရားပွဲကာလတွင် ပြည်တွင်းမှ ဘုရားဧည့်သည် လာရောက်မှုများပြား သည့်အတွက် ထားဝယ်မြို့ပေါ်ရှိ ဟို တယ်များသာမက တည်းခိုခန်းများ တွင်လည်း အဖွဲ့လိုက် တည်းခိုမှုများ ရှိသည်။ထားဝယ်ခရိုင်အတွင်း ဟိုတယ် ၁၀ လုံးတွင် အခန်းပေါင်း ၄၀၀ ကျော် ရှိကြောင်း သိရသည်။