တိုင်းအတွင်း နေရာ လေးဆယ်နီးပါး စောင့်ကြည့်ဧရိယာအဖြစ် ကနဦးသတ်မှတ်

0
444

တိုင်းအတွင်း နေရာပေါင်း ၄၀ နီးပါးကို အထူးစောင့်ကြည့်ဧရိယာအဖြစ် စက်တင်ဘာလ ၁၀ရက် နောက်ဆုံး ထား သတ်မှတ်ကာ ပြည်သူအခြေပြု အဖွဲ့များကို ကနဦး ဖွဲ့စည်းထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
တိုင်းအတွင်းရှိ ရပ်ကွက်၊ ကျေး ရွာနှင့် ရပ်ကွက်ကျေးရွာအုပ်စု ၃၈ ခု တွင် ကနဦး ဖွဲ့စည်းလိုက်ခြင်း ဖြစ် သည်။

ယင်းနေရာများတွင် ရဲတပ်ဖွဲ့ ဝင် များ၊ အငြိမ်းစား ရဲဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ပရဟိ တလူငယ်များ အစရှိသူများ ပါဝင်သည့် ပြည်သူအခြေပြုအဖွဲ့များက ပူးပေါင်း ကာ သတင်းစုံစမ်းခြင်း၊ ကင်းလှည့်ခြင်း များ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
အများစုမှာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များကို ပြည်သူ့အခြေပြု အဖွဲ့ ဝင်အဖြစ် ဖွဲ့စည်းထားသဖြင့် ပရဟိတ လူငယ်များ ပိုမိုပါဝင်လာစေရန် ပြန် လည်စိစစ်မှုများ လုပ်ဆောင်နေကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

“ဝန်ထမ်းဟောင်းတွေ၊ မီးသတ် တွေ၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင် တွေချည်း ပါနေတယ်ဆို လူထုက အမြင် မကြည်နိုင်ဘူးလေ၊ ပရဟိတ လူငယ် တွေပါမှ အောင်မြင်မှာ”ဟု ၎င်းက ဆိုသည်။
ရပ်ကွက်များအတွင်း ဖြစ်ပွားနိုင် သည့် မူးယစ်ဆေးဝါးမှု၊ ခိုးဝင် ဘင်္ဂါလီ၊ လောင်းကစား အစရှိသည့် ဒုစရိုက်မှုများ ကို ချက်ချင်း ထိန်းချုပ်နိုင်ရန်နှင့် သတင်း အချက်အလက်များ လျင်မြန်စွာ ရရှိစေ ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အဖွဲ့ကဲ့သို့ ရန်ကုန် တိုင်းတွင် ဖွဲ့စည်းဆောင်ရွက်ရာ အောင်မြင် မှု ရရှိနေသည့်အတွက် တနင်္သာရီတိုင်း တွင်လည်း ဖွဲ့စည်းခြင်း ဖြစ်သည်။
မြို့နယ် /မြို ရပ်ကွက် / ကျေးရွာ
ထားဝယ် ၂
ရေဖြူ ၃
လောင်းလုံး ၂
သရက်ချောင်း ၂
မြိတ် ၂
ပုလော ၅
တနင်္သာရီ ၃
ကျွန်းစု ၁
ကော့သောင်း ၈
ခမောက်ကြီး ၂
ဘုတ်ပြင်း ၂
ပြည်ကြီးမဏ္ဍိုင် ၃
ကရသူရိ ၃